ထို့နောက် သင်္ချိုင်းဂူမှပြန်လာ၍ တမန်တော်ဆယ့်တစ်ပါးနှင့် ကျန်ရှိသောသူအပေါင်းတို့အား ပြောပြကြ၏။
လုကာ 24:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ အမျိုးသမီးတို့သည် ယေရှု၏စကားတော်ကို ပြန်လည် သတိရကြ၏။ Common Language Bible ထိုအခါအမျိုးသမီးများသည်ကိုယ်တော် မိန့်တော်မူခဲ့သောစကားများကိုပြန်သတိရ ၍၊- Garrad Bible ထို မိန့် တော် မူ ချက် ကို သ တိ ရ၍ သင်္ချိုင်း ဂူ တော် မှ ပြန် သွား လျှင်၊ Judson Bible ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အမျိုးသမီးတို့သည် ကိုယ်တော်၏စကားတော်များကို သတိရ၍ မြန်မာ ထိုမိန်းမတို့သည် စကားတော်ကို သတိရ၍၊- |
ထို့နောက် သင်္ချိုင်းဂူမှပြန်လာ၍ တမန်တော်ဆယ့်တစ်ပါးနှင့် ကျန်ရှိသောသူအပေါင်းတို့အား ပြောပြကြ၏။
ဤအရာသည် ပရောဖက်ဟောပြောချက်အတိုင်း ဖြစ်လာသည်ကို တပည့်တော်တို့သည် ထိုအခါက နားမလည်ကြ။ သို့သော် ယေရှု ဘုန်းပွင့်တော်မူပြီးနောက်မှသာ ဤအကြောင်းအရာများသည် ကိုယ်တော်ကို ရည်ညွှန်း၍ ထိုသို့ရေးသားထားကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ကို ထိုသို့ပြုခဲ့ကြကြောင်းကိုလည်းကောင်း တပည့်တော်တို့သည် ပြန်လည်သတိရကြ၏။
သို့ရာတွင် ခမည်းတော်သည် ငါ့ကိုယ်စား ကူညီမစတော်မူသောအရှင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ ထိုအရှင်သည် သင်တို့အား အရာအားလုံး သွန်သင်၍ ငါပြောခဲ့သမျှကို ပြန်လည်သတိရစေတော်မူလိမ့်မည်။