ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။
လုကာ 24:52 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ကိုးကွယ်ရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ ပြန်ကြ၏။ Common Language Bible တပည့်တော်တို့သည်ကိုယ်တော်အားရှိခိုးပြီး လျှင်အလွန်ဝမ်းမြောက်ရွှင်လန်းစွာယေရုရှလင် မြို့သို့ပြန်သွား၍။- Garrad Bible တ ပည့် တော် တို့ သည် ကိုယ် တော် ကို ရှိ ခိုး ပြီး လျှင် အား ရ ဝမ်း မြောက် စွာ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား၍၊ Judson Bible တပည့်တော်တို့သည် ကိုယ်တော်ကို ပျပ်ဝပ်ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိုယ်တော်ကိုရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ပြန်သွားကြကာ မြန်မာ တပည့်တော်တို့သည် ကိုယ်တော်ကို ပျပ်ဝပ်ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။- |
ထိုတောင်ပေါ်၌ တပည့်တော်တို့သည် ယေရှုကို မြင်သောအခါ ဝပ်တွားခယလျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်တချို့သည် အမှန်တကယ်ယေရှုဖြစ်သည်ကို သံသယဖြစ်ကြ၏။
ထိုစဉ် ယေရှုသည် သူတို့ရှေ့မှ ပေါ်လာ၍ “မင်္ဂလာပါ” ဟု နှုတ်ဆက်တော်မူ၏။ အမျိုးသမီးတို့သည်လည်း ယေရှုထံတော်သို့ ချဉ်းကပ်၍ ခြေကို ဖက်ယမ်းပြီးလျှင် မြေပေါ်၌ ဝပ်တွားခယလျက် ရှိခိုးကြ၏။
ထိုသို့ ကောင်းချီးပေးနေတော်မူစဉ်တွင်ပင် သူတို့ထံမှခွဲခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။
ထို့နောက် ဗိမာန်တော်ထဲတွင် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်နေကြ၏။ ရှင်လုကာခရစ်ဝင်ကျမ်း ပြီးပါပြီ။
‘ယခု ငါသွားမည်။ သို့သော် သင်တို့ထံသို့ ပြန်လာဦးမည်’ ဟူ၍ ငါပြောခဲ့သောစကားကို သင်တို့ကြားခဲ့ပြီ။ သင်တို့သည် ငါ့ကို အမှန်တကယ်ချစ်လျှင် ငါ့ထက် ပို၍ ကြီးမြတ်သောခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
ထိုနည်းတူ သင်တို့သည် ယခုဝမ်းနည်းကြ၏။ သို့သော် ငါသည် သင်တို့နှင့် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကိုလည်း မည်သူကမျှ လုယူဖျက်ဆီး၍ မရနိုင်။
သင်တို့အား ငါအမှန်ဆို၏။ ထိုသို့ငါသွားရခြင်းသည် သင်တို့အတွက် အကျိုးရှိ၏။ ငါမသွားလျှင် ကူညီမစမည့်အရှင်သည် ကြွလာမည်မဟုတ်။ ငါသွားလျှင် ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
ထို့နောက် တမန်တော်တို့သည် သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ သံလွင်တောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခရီးခန့် ကွာဝေး၏။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။