သူတို့က “ငါတို့၌ စားစရာမပါသောကြောင့် ဤသို့မိန့်တော်မူခြင်းဖြစ်သည်” ဟု အချင်းချင်းပြောဆိုကြ၏။
လုကာ 24:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ပြောဆိုဆွေးနွေးကြစဉ် ယေရှုကိုယ်တိုင် သူတို့အနားချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။ Common Language Bible ယင်းသို့ပြောဆိုဆွေးနွေးနေကြစဉ်သခင် ယေရှုကိုယ်တော်တိုင်သူတို့ထံသို့ချဉ်းကပ် ၍သူတို့နှင့်အတူကြွတော်မူ၏။- Garrad Bible ထို သို့ ဆွေး နွေး ပြော ဆို ကြ စဉ် ယေ ရှု ကိုယ် တော် တိုင် ချဉ်း ကပ်၍ လိုက် ကြွ တော် မူ ရာ၊ Judson Bible ထိုသို့ ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ပြောဆိုလျက်ဆွေးနွေးနေကြစဉ် ယေရှုကိုယ်တော်တိုင်ချဉ်းကပ်လာ၍ သူတို့နှင့်အတူကြွတော်မူ၏။ မြန်မာ ထိုသို့ ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။- |
သူတို့က “ငါတို့၌ စားစရာမပါသောကြောင့် ဤသို့မိန့်တော်မူခြင်းဖြစ်သည်” ဟု အချင်းချင်းပြောဆိုကြ၏။
လူနှစ်ဦး၊ သို့မဟုတ် သုံးဦးသည် ငါ့အမည်နာမကိုအမှီပြု၍ စုရုံးကြလျှင် ထိုနေရာတွင် ငါသည်သူတို့နှင့်အတူရှိသည်” ဟု မိန့်တော်မူ၏။
သို့သော်လည်း သူတို့၏မျက်စိများကို ဘုရားသခင်ဖုံးကွယ်ထားသောကြောင့် ယေရှုကို မမှတ်မိကြပေ။
ထိုသို့ ပြောဆိုနေကြစဉ် ယေရှုသည် သူတို့အလယ်တွင် ပေါ်လာ၍ “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။