Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 24:36 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 ထိုသို့ ပြောဆိုနေကြ​စဉ် ယေရှု​သည် သူတို့​အလယ်​တွင် ပေါ်လာ​၍ “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 ထို​အ​ကြောင်း​အ​ရာ​များ​ကို​တ​ပည့်​တော်​နှစ်​ယောက် တို့​ပြော​ပြ​နေ​စဉ်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​အ​လယ် ၌​ပေါ်​လာ​တော်​မူ​၍ ``သင်​တို့​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ထို သို့ ပြော ဆို နေ ကြ စဉ် ကိုယ် တော် သည် အ လယ် မှာ ရပ်၍ သင် တို့၌ ငြိမ် သက် ခြင်း တည် စေ သ တည်း ဟု မိန့် တော် မူ သော အ ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ဤ​အကြောင်းအရာ​များ​ကို သူ​တို့​ပြောဆို​နေ​ကြ​စဉ် ကိုယ်တော်​သည် သူ​တို့​အလယ်​၌​ရပ်​လျက်“သင်​တို့​၌​ငြိမ်သက်​ခြင်း​ရှိ​ပါ​စေ”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

36 ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 24:36
13 ပူးပေါင်းရင်းမြစ်များ  

ထို​အိမ်​သည် ထိုက်တန်​လျှင် သင်တို့​၏​ငြိမ်းချမ်းခြင်း​သည် ထို​အိမ်​အပေါ် သက်ရောက်​လိမ့်မည်။ မထိုက်တန်​ပါက ထို​ငြိမ်းချမ်းခြင်း​သည် သင်တို့​ထံ ပြန်လာ​လိမ့်မည်။


ထို့နောက် တပည့်တော်​ဆယ့်တစ်ပါးတို့​သည် အစာ​သုံးဆောင်နေကြ​စဉ် ယေရှု​သည် သူတို့​အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် မိမိ​အား ကိုယ်တိုင်​တွေ့မြင်ကြသော သူတို့​၏​စကား​ကို မယုံဘဲ ခေါင်းမာ​လျက် ငြင်းပယ်ကြသော ထို​တပည့်တော်​ဆယ့်တစ်ပါးတို့​ကို ယေရှု​သည် ပြစ်တင်​ဆုံးမတော်မူ၏။


အိမ်​တစ်အိမ်​သို့ ဝင်​သောအခါ ‘ဤ​အိမ်​တွင် ငြိမ်းချမ်းခြင်း​ရှိပါစေ’ ဟု ဦး​စွာ​မေတ္တာပို့ကြလော့။


ငြိမ်းချမ်းခြင်း​ကို သင်တို့​အတွက် ငါ​ထားခဲ့၏။ ငါ​၏ ငြိမ်းချမ်းခြင်း​ကို သင်တို့​အား ငါ​ပေး၏။ သင်တို့​အား ငါ​ပေးသော​ငြိမ်းချမ်းခြင်း​သည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်​ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။


ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


ရှစ်ရက်​ကြာ​သော် တပည့်တော်တို့​သည် တစ်ဖန်​စုဝေးကြ၏။ သောမ​သည်လည်း ထို​သူတို့​နှင့်အတူ ရှိ၏။ သူတို့​သည် တံခါးများ​ကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှု​သည် ယခင်​ကဲ့သို့ ရုတ်တရက်​ကြွလာ​၍ သူတို့​အလယ်​တွင် ရပ်တော်မူ​လျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။


အသေခံတော်မူ​ပြီးနောက် ယေရှု​သည် မိမိ​အသက်ရှင်​လျက်​ရှိကြောင်း ခိုင်မာသော​သက်သေ​အထောက်အထားများ​ဖြင့် ရက်ပေါင်း​လေးဆယ်​အတွင်း တမန်တော်တို့​အား ကိုယ်ထင်ပြ​၍ ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြောတော်မူ၏။


ပေတရု​အား ကိုယ်ထင်ပြတော်မူ​ပြီးမှ တမန်တော်​ဆယ့်နှစ်ပါးတို့​အား ပြတော်မူသည့်​အကြောင်းတို့​ဖြစ်၏။


ထို့နောက် ယာကုပ်​အား ကိုယ်ထင်ပြတော်မူ၏။ နောက်ပိုင်းတွင် တမန်တော်​ရှိသမျှတို့​အား ကိုယ်ထင်ပြတော်မူ၏။


ငြိမ်းချမ်းခြင်း​အရှင် သခင်ဘုရား ကိုယ်တော်တိုင်​သည် သင်တို့​ကို နည်းအမျိုးမျိုး​ဖြင့် ငြိမ်းချမ်းခြင်း​ကို အစဉ်​ပေးတော်မူပါစေသော။ သခင်ဘုရား​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။


ကျွန်ုပ်​ယောဟန်​သည် အာရှပြည်​၌​ရှိသော အသင်းတော်​ခုနစ်ပါး​ထံသို့ စာရေးလိုက်ပါ၏။ ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် ဘုရားသခင်​ထံမှ​လည်းကောင်း၊ ပလ္လင်တော်​ရှေ့​၌ ရှိသော​ဝိညာဉ်​ခုနစ်ပါး​ထံမှ​လည်းကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ