လုကာ 23:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဟေရုဒ်သည် ယေရှုကိုတွေ့မြင်သောအခါ အလွန်ဝမ်းသာလေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ကိုယ်တော်၏သတင်းတော်ကို ကြား၍ ကိုယ်တော်ကို မြင်ရန် ကြာမြင့်စွာစောင့်နေခဲ့၏။ ကိုယ်တော်ပြတော်မူမည့် နိမိတ်လက္ခဏာများကို ရှုစားရန်လည်း မျှော်လင့်နေခဲ့၏။ Common Language Bible ဟေရုဒ်မင်းသည်သခင်ယေရှုကိုမြင်သော အခါလွန်စွာဝမ်းမြောက်၏။ ကိုယ်တော်၏သတင်း ကိုများစွာကြားခဲ့ရသဖြင့် ကိုယ်တော်အား တွေ့မြင်လိုသည်မှာကြာပေပြီ။ ကိုယ်တော်ပြ သည့်နိမိတ်လက္ခဏာတစ်စုံတစ်ရာကိုတွေ့ မြင်ရလိမ့်မည်ဟုမျှော်လင့်လျက်နေ၏။- Garrad Bible ဟေ ရုဒ် မင်း သည် အ ကြောင်း တော် ကို ကြား၍ ကာ လ ရှည် စွာ က ပင် တွေ့ မြင် လို သည် နှင့် နိ မိတ် လ က္ခ ဏာ တစ် ခု ခု ပြ တော် မူ မည် မြော် လင့် သော ကြောင့် ယေ ရှု ကို မြင် သော် အ လွန် ဝမ်း မြောက် လျက် များ စွာ မေး မြန်း လေ ၏။ Judson Bible ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဟေရုဒ်သည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်အကြောင်းကိုကြားသိထား၍ ကိုယ်တော်ကိုတွေ့မြင်လိုသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပြီးကိုယ်တော်ပြုသည့် နိမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ရရန်မျှော်လင့်နေ၏။ မြန်မာ ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။- |
ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
ထို့နောက် ယေရှုက တပည့်တော်တို့နှင့်တကွ လူထုပရိသတ်အား ခေါ်တော်မူပြီးလျှင် “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။
“ကျွန်ုပ်၏လက်တင်ခြင်း ခံရသောသူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိရန်အတွက် ဤအခွင့်အာဏာကို ကျွန်ုပ်ကိုလည်း ပေးပါ” ဟု တောင်းဆိုလေ၏။