လူအုပ်ကြီးသည်လည်း နောက်တော်သို့လိုက်ကြ၏။ ထိုလူအုပ်ကြီးထဲတွင် ယေရှုအတွက် ဝမ်းနည်း၍ ငိုကြွေးနေကြသောအမျိုးသမီးများလည်း ပါဝင်၏။
လုကာ 23:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုသူတို့ဘက်သို့ လှည့်၍ “ဂျေရုဆလင်မြို့သူတို့… ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။ Common Language Bible သခင်ယေရှုသည်ထိုအမျိုးသမီးများ၏ဘက် သို့လှည့်၍ ``ယေရုရှလင်မြို့သူတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့်သင်တို့၏သား သမီးများအတွက်သာလျှင်ငိုကြွေးကြလော့။- Garrad Bible လှည့် တော် မူ၍ ယေ ရှု က အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ငါ့ အ တွက် မ ငို ကြွေး ကြ လင့်။ ကိုယ့် အ တွက် နှင့် သား သ မီး တို့ အ တွက် သာ ငို ကြွေး ကြ လော့။ Judson Bible ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုအမျိုးသမီးတို့ဘက်သို့လှည့်၍“ဂျေရုဆလင်မြို့၏သမီးတို့၊ ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။ မြန်မာ ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။- |
လူအုပ်ကြီးသည်လည်း နောက်တော်သို့လိုက်ကြ၏။ ထိုလူအုပ်ကြီးထဲတွင် ယေရှုအတွက် ဝမ်းနည်း၍ ငိုကြွေးနေကြသောအမျိုးသမီးများလည်း ပါဝင်၏။
အဘယ်ကြောင့်ဆိုသော် ‘မြုံသောအမျိုးသမီး၊ ရင်သွေးမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏’ ဟူ၍ ခံယူကြမည့်နေ့ရက်တို့သည် ရောက်လာလိမ့်မည်ဖြစ်သောကြောင့် ဖြစ်၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်ကို လှံနှင့် ထိုးဖောက်ခဲ့သူများအပါအဝင် လူတိုင်းက မြင်ကြရလိမ့်မည်။ ကမ္ဘာလောကရှိ လူမျိုးအပေါင်းတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအရာသည် အမှန်ပင်ဖြစ်၏။ အာမင်။