လုကာ 23:28 - မြန်မာ့စံမီသမ္မာကျမ်း28 ယေရှုသည် ထိုအမျိုးသမီးတို့ဘက်သို့လှည့်၍“ဂျေရုဆလင်မြို့၏သမီးတို့၊ ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible28 သခင်ယေရှုသည်ထိုအမျိုးသမီးများ၏ဘက် သို့လှည့်၍ ``ယေရုရှလင်မြို့သူတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့်သင်တို့၏သား သမီးများအတွက်သာလျှင်ငိုကြွေးကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible28 လှည့် တော် မူ၍ ယေ ရှု က အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ငါ့ အ တွက် မ ငို ကြွေး ကြ လင့်။ ကိုယ့် အ တွက် နှင့် သား သ မီး တို့ အ တွက် သာ ငို ကြွေး ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ယေရှုသည် ထိုသူတို့ဘက်သို့ လှည့်၍ “ဂျေရုဆလင်မြို့သူတို့… ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ28 ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။- အခန်းကိုကြည့်ပါ။ |
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။