ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
လုကာ 22:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုသည် ပေတရုနှင့်ယောဟန်တို့အား “ငါတို့စားရန်အတွက် သွား၍ ပသခါပွဲတော်ညစာကို ပြင်ဆင်ကြလော့” ဟု မိန့်၍ စေလွှတ်တော်မူ၏။ Common Language Bible ကိုယ်တော်ကပေတရုနှင့်ယောဟန်တို့အား ``ငါ တို့စားရန်ပသခါပွဲညစာကိုသွား၍ပြင်ဆင် ကြလော့'' ဟုဆို၍စေလွှတ်တော်မူ၏။ Garrad Bible ကိုယ် တော် သည် ပေ တ ရု နှင့် ယော ဟန် အား ငါ တို့ စား ရန် ပ သ ခါ ပွဲ ကို သွား၍ ပြင် ဆင် ကြ ဟု မိန့် ဆို လျက် စေ လွှတ် တော် မူ သော်၊ Judson Bible ကိုယ်တော်က၊ ငါတို့ စားဖို့ရာ သင်တို့သည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား“ပသခါပွဲတော်ကို ငါတို့စားရန် သွား၍ပြင်ဆင်ကြလော့”ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။ မြန်မာ ကိုယ်တော်က၊ ငါတို့ စားဖို့ရာ သင်တို့သည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။- |
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။
သူတို့က ကိုယ်တော်အား “မည်သည့်နေရာတွင် ပြင်ဆင်စေလိုတော်မူသနည်း” ဟု မေးလျှောက်ကြ၏။
တစ်နေ့သောအခါ ဆုတောင်းရန်မွန်းလွဲသုံးနာရီအချိန်တွင် ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ သွားကြ၏။
သူသည် ပေတရုနှင့် ယောဟန်တို့ကို ဖက်တွယ်ထားလျက်နေစဉ် လူအပေါင်းတို့သည် အလွန်အံ့အားသင့်လျက် သူတို့ရှိရာ “ရှောလမုန်ဆင်ဝင်” ဟု ခေါ်သော ဆင်ဝင်သို့ ပြေးလာကြ၏။
ထိုသူသည် ဗိမာန်တော်သို့ ဝင်လာသည့်ပေတရုနှင့် ယောဟန်တို့ကို မြင်သောအခါ ငွေကြေးစွန့်ကြဲရန် တောင်းခံလေ၏။
ပေတရုနှင့် ယောဟန်တို့မှာ ပညာတတ်မဟုတ်၊ သာမန်လူသာဖြစ်လျက်နှင့် ထိုသို့ရဲစွမ်းသတ္တိရှိကြသည်ကို မြင်သောအခါ ထိုသူတို့သည် အံ့သြကြ၏။ ထို့ပြင် ယေရှု၏အပေါင်းအဖော်များဖြစ်ကြောင်းကိုလည်း မှတ်မိကြ၏။
သို့ရာတွင် ပေတရုနှင့် ယောဟန်တို့က “ဘုရားသခင်၏စကားတော်ကို နားမထောင်ဘဲ သင်တို့၏စကားကို နားထောင်ခြင်းသည် ဘုရားသခင်၏ရှေ့တော်၌ မှန်သည်မမှန်သည်ကို သင်တို့ဆုံးဖြတ်ကြလော့။
ဂျေရုဆလင်မြို့ရှိ တမန်တော်တို့သည် ရှမာရိပြည်သားများက ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ခံယူကြောင်း ကြားသိသောအခါ ပေတရုနှင့် ယောဟန်တို့ကို ရှမာရိနယ်သို့ လွှတ်လိုက်ကြ၏။
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။