ဆုတောင်းတော်မူပြီးနောက် ယေရှုသည် တပည့်တော်များထံ ပြန်ကြွသောအခါ သူတို့သည် ဝမ်းနည်း၍ အားအင်ကုန်ခန်းသဖြင့် အိပ်ပျော်လျက်ရှိသည်ကို တွေ့မြင်တော်မူ၏။
လုကာ 22:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ပြင်းစွာသော ဝေဒနာကိုခံလျက် စိတ်အားပြင်းပြစွာ ဆုတောင်းသဖြင့် ချွေးစက်တော်သည် သွေးစက်သဖွယ် မြေပေါ်သို့ကျလေ၏။ Common Language Bible ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။ Garrad Bible ကိုယ် တော် သည် ပြင်း ထန် သော ဝေ ဒ နာ ခံ စား၍ အ ရင် ထက် စိတ် အား ကြီး စွာ တောင်း လျှောက် တော် မူ စဉ် ဇော ချွေး တော် သည် သွေး စိုင် များ သ ဖွယ် မြေ ပေါ် သို့ ကျ ၏။ Judson Bible ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။ မြန်မာ ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။- |
ဆုတောင်းတော်မူပြီးနောက် ယေရှုသည် တပည့်တော်များထံ ပြန်ကြွသောအခါ သူတို့သည် ဝမ်းနည်း၍ အားအင်ကုန်ခန်းသဖြင့် အိပ်ပျော်လျက်ရှိသည်ကို တွေ့မြင်တော်မူ၏။
ယခုငါသည် အလွန်စိတ်ပူပန်လျက်ရှိ၏။ ငါ့ခမည်းတော်ထံ ‘အို အဖ… အကျွန်ုပ်ကို ဤဒုက္ခရောက်ချိန်နှင့် ကင်းလွှတ်စေတော်မူပါ’ ဟု ဆုတောင်းရမည်လော။ သို့ရာတွင် ငါသည် ဤအချိန်နာရီအတွက် ရောက်လာခြင်းဖြစ်၏။
ကျွန်ုပ်တို့အားလုံးအတွက် မိမိသားတော်ရင်းကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်သည် ထိုသားတော်နှင့်တကွ ရှိသမျှအရာခပ်သိမ်းကိုလည်း ကျွန်ုပ်တို့အား မပေးဘဲ နေတော်မူမည်လော။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။