အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 20:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့ဆိုလျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု​ငါ​တို့​ဆို​လျှင်`ယော​ဟန်​ကို သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း' ဟု​မေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို သူ တို့ က ကောင်း ကင် မှ ဖြစ် လာ သည် ငါ တို့ ဖြေ လျှင် အ ဘယ့် ကြောင့် ယော ဟန် ကို မ ယုံ ကြ သ နည်း ဟု မေး ဦး မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်၍၊ ဘု​ရား​က ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည် ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။ လူ​က ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ သူ​တို့​သည် အချင်းချင်း​ဆွေးနွေး​ကြ​ကာ “ ‘ကောင်းကင်​မှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင် သူ​က ‘အဘယ်ကြောင့် ယောဟန်​ကို​မ​ယုံ​ကြ​သနည်း’​ဟု ပြော​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်၍၊ ဘု​ရား​က ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည် ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။ လူ​က ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊-

အခန်းကိုကြည့်ပါ။



လုကာ 20:5
11 ပူးပေါင်းရင်းမြစ်များ  

သူတို့​က “ငါတို့​၌ စားစရာ​မပါ​သောကြောင့် ဤသို့​မိန့်တော်မူခြင်း​ဖြစ်သည်” ဟု အချင်းချင်း​ပြောဆိုကြ၏။


ယောဟန်​၏ နှစ်ခြင်းမင်္ဂလာ​ပေးရသော​အခွင့်အာဏာ​သည် ကောင်းကင်ဘုံ​မှ လာသလော။ လူ့​ထံမှ လာသလော” ဟု မေးတော်မူ၏။ ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့​ဆိုလျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။


ယောဟန်​၏​နှစ်ခြင်းမင်္ဂလာ​ပေးရသော​အခွင့်အာဏာ​သည် ကောင်းကင်ဘုံ​မှ လာသလော။ လူ့​ထံမှ လာသလော” ဟု မေးတော်မူ၏။


သို့သော်လည်း ငါတို့​က ‘လူ့​ထံမှ​လာသည်’ ဟု ဖြေ​လျှင် လူ​အားလုံး​က ယောဟန်​သည် ပရောဖက်​တစ်ပါး​ဖြစ်သည်​ဟု ယုံကြည်ကြ​သဖြင့် ငါတို့​အား​ကျောက်ခဲ​နှင့် ပေါက်ကြ​လိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။


‘ငါ့​နောက်​တွင် ကြွလာမည့်​အရှင်​သည် ငါ​မမွေးဖွား​မီ​ကပင် ရှိနှင့်​သောကြောင့် ငါ့​ထက် သာ​၍​ကြီးမြတ်သည်’ ဟူ၍ ငါ​ပြောခဲ့ဖူးသည့်​အရှင်​မှာ ထို​အရှင်​ပင် ဖြစ်၏။


မိန့်တော်မူသည့်​အတိုင်း ဖြစ်ပျက်သည်​ကို ငါ​မြင်​သောကြောင့် ထို​အရှင်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်ကြောင်း ငါ​သက်သေခံသည်” ဟု ဆိုလေ၏။


ထို့ကြောင့် သူတို့​သည် ယောဟန်​ထံသို့ လာ​၍ “ဆရာတော်… ဂျော်ဒန်မြစ်​တစ်ဖက်ကမ်း​တွင် ဆရာတော်​နှင့် တွေ့ဆုံခဲ့သော​သူ​ကို မှတ်မိသေးသလော။ ဆရာတော်​ကပင် ထို​သူ​သည် ခရစ်တော်​ဖြစ်ကြောင်း သက်သေခံ​ပေးခဲ့ပါ၏။ ယခု သူ​သည် နှစ်ခြင်းမင်္ဂလာ​ပေး​လျက်​နေပါ၏။ လူအပေါင်းတို့​သည် ကျွန်ုပ်တို့​ထံ​မလာဘဲ ထို​သူ​ထံသို့ သွား​ကြပါသည်” ဟု ဆိုကြ၏။


သားတော်​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ သားတော်​၏​စကား​ကို နားမထောင်သော​သူ​မှာမူ ထာဝရ​အသက်​ကို မရဘဲ ဘုရားသခင်​၏ အမျက်တော်​သည်​သာ ထို​သူ​အပေါ်​၌ တည်နေမည်​ဖြစ်၏” ဟု ဟောလေ၏။


မိမိ​လုပ်ငန်း ပြီးမြောက်ချိန်​နီး​သောအခါ ယောဟန်​က ‘သင်တို့​သည် ငါ့​အား​မည်သူ​ဖြစ်သည်​ဟု ထင်မြင်ကြသနည်း။ ငါ​သည် ထို​အရှင်​မဟုတ်ပါ။ ထို​အရှင်​သည် ငါ့​နောက်​တွင် ကြွလာ​လိမ့်မည်။ ငါ​သည် ထို​အရှင်​၏​ခြေတော်​မှ ဖိနပ်ကြိုး​ကို ဖြေပေး​ရန်​ပင် မထိုက်တန်ပါ’ ဟု ဆိုလေ၏။