ထို့နောက် အခြားသူတစ်ဦးအား ‘အကြွေး မည်မျှရှိသနည်း’ ဟု မေးလျှင် ထိုသူက ‘ဂျုံတင်းတစ်ထောင်ပေးရန် ရှိပါသည်’ ဟု ဖြေ၏။ စီမံခန့်ခွဲသူကလည်း ‘ဤသို့ဖြစ်လျှင် စာရင်းကို ယူ၍ တင်းရှစ်ရာဟု ပြင်ရေးလော့’ ဟူ၍ ပြော၏။
လုကာ 20:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် တတိယအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ ထိုသူကိုလည်း ဒဏ်ရာရစေပြီးမှ နှင်ထုတ်ကြ၏။ Common Language Bible နောက်တစ်ဖန်ဥယျာဉ်ရှင်သည်တတိယကျွန် ကိုစေလွှတ်၏။ သို့ရာတွင်ခြံသမားတို့သည် ထိုကျွန်ကိုလည်းဒဏ်ရာများရစေပြီးနောက် အပြင်သို့နှင်ထုတ်လိုက်ကြ၏။- Garrad Bible တ တိ ယ ကျွန် တစ် ယောက် ကို စေ လွှတ် ရာ ထိုး ခုတ် ပြီး လျှင် ထုတ် ပစ် ကြ၏။ Judson Bible နောက်တစ်ဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာရိုက်၍ နှင်ထုတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်ဖန် တတိယအစေအပါးကို ထပ်၍စေလွှတ်လေ၏။ သို့သော် ထိုအစေအပါးကိုလည်း အနာတရဖြစ်စေပြီးမှ နှင်ထုတ်ကြ၏။ မြန်မာ နောက်တစ်ဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာရိုက်၍ နှင်ထုတ်ကြ၏။- |
ထို့နောက် အခြားသူတစ်ဦးအား ‘အကြွေး မည်မျှရှိသနည်း’ ဟု မေးလျှင် ထိုသူက ‘ဂျုံတင်းတစ်ထောင်ပေးရန် ရှိပါသည်’ ဟု ဖြေ၏။ စီမံခန့်ခွဲသူကလည်း ‘ဤသို့ဖြစ်လျှင် စာရင်းကို ယူ၍ တင်းရှစ်ရာဟု ပြင်ရေးလော့’ ဟူ၍ ပြော၏။
ထိုအခါ သူသည် အခြားသောအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ သို့သော် ထိုသူတို့က ထိုအစေခံကိုလည်း ရိုက်နှက်၍ အရှက်ခွဲပြီးမှ လက်ချည်းဗလာ ပြန်လွှတ်လိုက်ကြ၏။
ထို့နောက် စပျစ်ခြံပိုင်ရှင်က ‘ငါမည်သို့ လုပ်ဆောင်ရမည်နည်း။ ငါ၏ချစ်သားကို စေလွှတ်မည်။ ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်’ ဟု ဆိုလေ၏။