Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 20:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ထို့နောက် စပျစ်ခြံပိုင်ရှင်​က ‘ငါ​မည်သို့ လုပ်ဆောင်​ရမည်နည်း။ ငါ​၏​ချစ်သား​ကို စေလွှတ်မည်။ ငါ့​သား​ကိုမူ သူတို့​လေးစားကြ​လိမ့်မည်’ ဟု ဆိုလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ဥ​ယျာဉ်​ရှင်​သည် `ငါ​အ​ဘယ်​သို့​ပြု​ရ​အံ့​နည်း။ ငါ​၏​တစ်​ဦး​တည်း​သော​သား​ကို​စေ​လွှတ်​မည်။ သူ့​ကို​တွေ့​လျှင်​ခြံ​သ​မား​တို့​လေး​စား​ကြ ရာ​၏' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သို့ ဖြစ်၍ ဥ ယျာဉ် ရှင် က ငါ သည် မည် သို့ ပြု ရ အံ့ နည်း။ ငါ့ ချစ် သား ကို စေ လွှတ် မည်။ သူ့ ကို ရို သေ ကျိုး နွံ ကြ တော့ မည် ဟု အောက် မေ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​အ​ခါ ဥ​ယျာဉ်​ရှင်​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​ချစ်​သား​ကို ငါ​စေ​လွှတ်​မည်။ ထို​သူ​တို့​သည် ငါ့​သား​ကို​မြင်​လျှင် အား​နာ​ကောင်း​အား​နာ​ကြ​လိမ့်​မည်​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထိုအခါ စပျစ်ခြံ​ပိုင်ရှင်​က ‘ငါ​မည်သို့​ပြု​ရ​မည်နည်း။ ငါ​၏​ချစ်​သား​ကို ငါ​စေလွှတ်​မည်။ သူ​တို့​သည် သူ့​ကို​ရိုသေ​ကောင်း​ရိုသေ​ကြ​လိမ့်မည်’​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

13 ထို​အ​ခါ ဥ​ယျာဉ်​ရှင်​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​ချစ်​သား​ကို ငါ​စေ​လွှတ်​မည်။ ထို​သူ​တို့​သည် ငါ့​သား​ကို​မြင်​လျှင် အား​နာ​ကောင်း​အား​နာ​ကြ​လိမ့်​မည်​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 20:13
19 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ လျှောက်​နေစဉ် တောက်ပသော​မိုးတိမ်​သည် သူတို့​အပေါ်သို့ လွှမ်းမိုး​၍ မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏။ သူ​၏​စကား​ကို နားထောင်ကြလော့” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


ထိုအခါ ကောင်းကင်​မှ “ဤ​သူ​သည် ငါ​နှစ်သက်​မြတ်နိုးသော ငါ​၏​ချစ်သား​ဖြစ်၏” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


ကိုယ်တော်​က “မြို့​တစ်မြို့​၌ ဘုရားသခင်​ကို မကြောက်၊ လူ​ကို အလေးမထားသော တရားသူကြီး​တစ်ဦး ရှိ၏။


တရားသူကြီး​သည် တရားမစီရင်ဘဲ အချိန်​အတန်ကြာသည်​အထိ လျစ်လျူရှုလေ၏။ သို့သော် သူ​က ‘ငါ​သည် ဘုရားသခင်​ကို မကြောက်၊ လူ​ကို အလေးမထား​သော်လည်း


တစ်ဖန် တတိယ​အစေခံ​တစ်ဦး​ကို စေလွှတ်ပြန်၏။ ထို​သူ​ကို​လည်း ဒဏ်ရာ​ရစေ​ပြီးမှ နှင်ထုတ်ကြ၏။


သို့သော် စပျစ်ခြံလုပ်သားများ​က စပျစ်ခြံပိုင်ရှင်​၏​သား​ကို မြင်​သောအခါ ‘ဤ​သူ​သည် အမွေဆက်ခံမည့်သူ​ဖြစ်၏။ လာကြ။ သူ့​ကို​သတ်​၍ သူ​၏​အမွေ​ကို ရယူကြစို့’ ဟု အချင်းချင်း​တိုင်ပင်ကြ၏။


ထို့နောက် မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​ရွေးချယ်သော ငါ​၏​ချစ်သား​ဖြစ်၏။ သူ​၏​စကားတော်​ကို နားထောင်ကြ” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


မိန့်တော်မူသည့်​အတိုင်း ဖြစ်ပျက်သည်​ကို ငါ​မြင်​သောကြောင့် ထို​အရှင်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်ကြောင်း ငါ​သက်သေခံသည်” ဟု ဆိုလေ၏။


လူ့​ဗီဇစိတ်​၏ အားနည်းမှု​ကြောင့် မောရှေ​၏ ပညတ်တရား​သည် ကျွန်ုပ်တို့​ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်​သည် မိမိ​သားတော်​ကို လူ့​ဗီဇစိတ်​ရှိသည့် လူ့​ကိုယ်ခန္ဓာ​ထဲသို့ စေလွှတ်တော်မူခြင်း​အားဖြင့် ပညတ်တရား​မတတ်နိုင်သော​အမှု​ကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်​သည် သားတော်​ကို ယဇ်​အဖြစ် ပူဇော်ခြင်း​အားဖြင့် လူ့​ဗီဇစိတ်​အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရား​ကို အဆုံးသတ်တော်မူ၏။


သို့သော် အချိန်​စေ့​သောအခါ ဘုရားသခင်​သည် မိမိ​သားတော်​ကို စေလွှတ်တော်မူ၏။ ထို​သားတော်​သည် အမျိုးသမီး​တစ်ဦး​ထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား​၏ လက်အောက်ခံ​အဖြစ် နေထိုင်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ