သခင်ဘုရားက “သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ပေါက်လျက်ရှိသော ဤပိုးစာပင်အား ‘အမြစ်မကျန်ကျွတ်၍ ပင်လယ်ထဲ၌ စိုက်စေ’ ဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့စကားကို နာခံလိမ့်မည်။
လုကာ 19:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူသည် ယေရှုကို မြင်နိုင်ရန် ယေရှုကြွတော်မူမည့်လမ်းအတိုင်း ရှေ့သို့ကြိုပြေးသွား၍ သဖန်းပင်ပေါ်သို့ တက်လေ၏။ Common Language Bible ထို့ကြောင့်ကိုယ်တော်ကိုတွေ့မြင်နိုင်ရန်ကြွတော် မူမည့်လမ်းအတိုင်းရှေ့သို့ပြေး၍ သဖန်းပိုး စာပင်ပေါ်ကိုတက်၏။- Garrad Bible မြင် ရ အံ့ သော ငှာ ကြွ တော် မူ မည့် လမ်း အ နီး ရှိ ပိုး စာ ပင် ကို တက် လေ ၏။ Judson Bible ထိုကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကို မြင်အံ့သောငှာ သဖန်းပင်တစ်ပင်ကို တက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူသည် ကိုယ်တော်ကိုတွေ့မြင်နိုင်ရန် ရှေ့သို့ကြိုပြေး၍ သဖန်းပိုးစာပင်ပေါ်သို့တက်လေ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ထိုနေရာကိုဖြတ်သွားတော့မည်ဖြစ်၏။ မြန်မာ ထိုကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကို မြင်အံ့သောငှာ သဖန်းပင်တစ်ပင်ကို တက်လေ၏။- |
သခင်ဘုရားက “သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ပေါက်လျက်ရှိသော ဤပိုးစာပင်အား ‘အမြစ်မကျန်ကျွတ်၍ ပင်လယ်ထဲ၌ စိုက်စေ’ ဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့စကားကို နာခံလိမ့်မည်။
သူသည် ယေရှုမည်သို့သောသူဖြစ်သည်ကို မြင်နိုင်ရန် ကြိုးပမ်းသော်လည်း အရပ်နိမ့်သောကြောင့် လူအုပ်ကြီးအား ကျော်၍ ယေရှုကို မမြင်နိုင်ပေ။
ထိုနေရာသို့ ယေရှုရောက်တော်မူသောအခါ အပေါ်သို့ မော့ကြည့်ပြီးလျှင် “ဇက္ခဲ… အမြန်ဆင်းခဲ့လော့။ ယနေ့ သင့်အိမ်တွင် ငါတည်းခိုမည်” ဟု မိန့်တော်မူ၏။
သို့သော်လည်း လူထုပရိသတ်ရှိနေသဖြင့် အထဲသို့ သယ်ဆောင်မည့်လမ်းကို မတွေ့ကြပေ။ ထို့ကြောင့် အိမ်အမိုးပေါ်သို့တက်ပြီးလျှင် အုတ်ကြွပ်များကိုခွာ၍ လူနာကို ထမ်းစင်နှင့်တကွ လူထုပရိသတ်အလယ် ယေရှုရှေ့တော်သို့ ကြိုးဖြင့် လျှောချကြ၏။