လုကာ 18:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖာရိရှဲသည် တစ်ဦးတည်း ရပ်လျက် ‘ဘုရားသခင်… အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤအခွန်ကောက်သူကဲ့သို့ မဟုတ်သည့်အတွက်လည်း ကျေးဇူးတင်ပါ၏။ Common Language Bible ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် `အို ဘုရား သခင်၊ အခြားသောသူတို့သည်လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့အိမ်ရာကိုပြစ်မှားသူများ ဖြစ်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ကဲ့သို့ မဟုတ်သဖြင့်လည်းကောင်း၊ ဤအခွန်ခံသူ ကဲ့သို့ပင်မဟုတ်သဖြင့်လည်းကောင်း ကိုယ် တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။- Garrad Bible ဖာ ရိ ရှဲ သည် ရပ် လျက် အို ဘု ရား သ ခင်၊ ကျွန်ုပ် သည် သူ တစ် ထူး တို့ ကဲ့ သို့ လု ယက် သူ၊ မ တ ရား သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ မ ဟုတ် ပါ။ ဤ အ ခွန် ကောက် ကဲ့ သို့ ပင် မ ဟုတ် သော ကြောင့် ကျေး ဇူး တော် ကို ချီး မွမ်း ပါ ၏။ Judson Bible ဖာရိရှဲသည် တစ်ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။ မြန်မာ ဖာရိရှဲသည် တစ်ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။- |
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
သင်တို့သည် ဆုတောင်းသောအခါ သူတော်ကောင်းယောင်ဆောင်သူများကဲ့သို့ မပြုကြနှင့်။ ထိုသူတို့သည် လူမြင်သာစေရန် ဝတ်ပြုဆောင်များနှင့် လမ်းဆုံလမ်းခွများတွင်ရပ်လျက် ဆုတောင်းရသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
သို့သော် သင်တို့သည် ဆုတောင်းသောအခါ တစ်ပါးသူတို့အပေါ်၌ အပြစ်တင်စရာရှိလျှင် ထိုသူတို့၏အပြစ်ကို ဦးစွာခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။
မုဆိုးမတို့၏အိမ်များကို မတရားသိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် တပည့်တော်များရှိသည့်နေရာမှ ခဲတစ်ပစ်စာခန့် ခွာသွား၍ ဒူးထောက်လျက်
ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။
အသင်းတော်ကို စိတ်အားထက်သန်စွာ ညှဉ်းဆဲခဲ့သောသူ ဖြစ်၏။ ပညတ်တရားကို လိုက်နာ၍ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်ဆိုလျှင် ကျွန်ုပ်သည် အပြစ်ဆိုဖွယ်မရှိသူ ဖြစ်၏။
သင်က ‘ငါသည် ချမ်းသာ၍ ကြွယ်ဝသောကြောင့် မည်သည့်အရာကိုမျှ မလို’ ဟု ဆို၏။ သို့သော် သင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ သနားစရာကောင်းသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူ၊ အဝတ်မပါသောသူဖြစ်ကြောင်းကို မသိ။