ထိုသို့မဟုတ်ဘဲ သင့်စကားကို နားမထောင်ပါက သင်နှင့်အတူ အသိသက်သေတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကိုခေါ်၍ နောက်တစ်ကြိမ်သွားလော့။ သို့မှသာ အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်နိုင်မည်ဖြစ်၏။
လုကာ 17:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် သင့်ကို တစ်နေ့တွင် ခုနစ်ကြိမ်ပြစ်မှားလျက် ပြစ်မှားသည့်အကြိမ်တိုင်း ပြန်လာ၍ ‘ကျွန်ုပ်နောင်တရပါပြီ’ ဟု တောင်းပန်လျှင် သူ့ကို ခွင့်လွှတ်လော့” ဟု မိန့်တော်မူ၏။ Common Language Bible တစ်နေ့တည်းတွင်ခုနစ်ကြိမ်တိုင်တိုင်သင့်ကို ပြစ်မှား၍ ခုနစ်ကြိမ်တိုင်တိုင်ပင်သင့်ထံသို့ လာလျက် `အကျွန်ုပ်နောင်တရပါပြီ' ဟုဆို လျှင် သင်သည်သူ၏အပြစ်ကိုဖြေလွှတ်ရမည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။ Garrad Bible တစ် နေ့ အ တွင်း ခု နစ် ကြိမ် တိုင် ပြစ် မှား လျက် ကျွန်ုပ် နောင် တ ရ ပါ ပြီ ဟူ ၍ ခု နစ် ကြိမ် တိုင် ဝန် ချ လာ လျှင် ဖြေ လွှတ် ရ မည် ဟု မိန့် တော် မူ ၏။ Judson Bible တစ်နေ့ချင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့အတွင်း သင့်ကိုခုနစ်ကြိမ်ပြစ်မှားလျက် သင့်ထံသို့ ခုနစ်ကြိမ်တိုင်တိုင်လာ၍ ‘အကျွန်ုပ်နောင်တရပါ၏’ဟု ဆိုလျှင် သူ့ကိုခွင့်လွှတ်ရမည်”ဟု မိန့်တော်မူ၏။ မြန်မာ တစ်နေ့ချင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။ |
ထိုသို့မဟုတ်ဘဲ သင့်စကားကို နားမထောင်ပါက သင်နှင့်အတူ အသိသက်သေတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကိုခေါ်၍ နောက်တစ်ကြိမ်သွားလော့။ သို့မှသာ အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်နိုင်မည်ဖြစ်၏။
ထိုနည်းတူ သင်တို့တစ်ဦးချင်းသည် မိမိညီအစ်ကိုမောင်နှမကို စိတ်ရင်းအမှန်ဖြင့် ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော်သည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူမည်မဟုတ်” ဟု မိန့်တော်မူ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ရန်သူကို ချစ်၍ သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူများအတွက် ဆုတောင်းမေတ္တာပို့လော့။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” ဟု တောင်းလျှောက်ကြ၏။
လက်တုံ့ပြန်မည့်အစား ဤသို့ပြုလော့။ “သင်၏ ရန်သူတို့သည် ဆာလောင်လျှင် ကျွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်သည် သူတို့၏ ခေါင်းပေါ်၌ မီးခဲကို ပုံထားသကဲ့သို့ ဖြစ်လိမ့်မည်။”