လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။ မိမိအသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်နိုင်မည်နည်း။
လုကာ 17:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေ့တွင် လသာဆောင်ပေါ်တွင်ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကို မယူဘဲ အောက်သို့ ဆင်း၍ ထွက်ပြေးရမည်။ လယ်၌ ရှိသောသူသည်လည်း အိမ်သို့မပြန်ရ။ Common Language Bible ``ထိုနေ့ရက်၌အိမ်မိုးပေါ်တွင်ရှိသောသူသည် မိမိအိမ်ထဲမှာရှိသည့်ဥစ္စာပစ္စည်းကိုယူရန် မဆင်းစေနှင့်။ ထိုနည်းတူလယ်ကွင်းသို့ရောက် နေသူသည်လည်းအိမ်ကိုမပြန်စေနှင့်။- Garrad Bible ထို နေ့၌ အိမ် မိုး ပေါ် တွင် ရှိ နေ သူ သည် အိမ် တွင်း ရှိ ပ စ္စည်း ကို ယူ ရန် ဆင်း သက် ခြင်း၊ လယ် တွင် ရှိ နေ သူ သည် ပြန် ခြင်း ကို မ ပြု စေ လင့်။ Judson Bible ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ လေသာဆောင်ပေါ်တွင်ရှိသောသူသည် အိမ်ထဲ၌ မိမိဥစ္စာပစ္စည်းများရှိလျှင် ၎င်းတို့ကိုယူရန် အောက်သို့မဆင်းစေနှင့်။ ထိုနည်းတူ လယ်၌ရှိသောသူသည်လည်း နောက်သို့ပြန်မလှည့်စေနှင့်။ မြန်မာ ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။- |
လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။ မိမိအသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်နိုင်မည်နည်း။
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အသက်ရှင်ရန်အတွက် မည်သည့်အရာစားသောက်ရမည်ကိုလည်းကောင်း၊ သင်တို့ကိုယ်ခန္ဓာအတွက် မည်သည့်အရာဝတ်ရမည်ကိုလည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက်မြတ်သည် မဟုတ်လော။ ကိုယ်ခန္ဓာသည် အဝတ်ထက်မြတ်သည် မဟုတ်လော။
ထိုအခါ ယုဒပြည်တွင်ရှိသောသူတို့သည် တောင်များပေါ်သို့ ပြေးကြရမည်။ မြို့တွင်း၌ရှိသောသူများသည် မြို့ထဲမှ ထွက်ခွာကြရမည်။ မြို့ပြင်တွင်ရှိသောသူတို့အား မြို့ထဲသို့ မဝင်ကြစေနှင့်။