သေရာမှရှင်ပြန်ထမြောက်မည့်ကာလတွင် လူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။ ထိုသူတို့သည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့်မည်။
လုကာ 17:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရေလွှမ်းမိုးခြင်းမတိုင်မီ ကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့အထိ လူတို့သည် စားသောက်လျက်၊ လက်ထပ်ယူလျက်၊ လက်ထပ်ပေးစားလျက် နေ၍ ပျော်ပါးနေကြ၏။ ထို့နောက် ရေလွှမ်းမိုး၍ ထိုသူတို့အားလုံးသည် သေကျေပျက်စီးကြ၏။ Common Language Bible သင်္ဘောထဲကိုနောဧဝင်ပြီးနောက်ရေလွှမ်းမိုး သဖြင့် လူခပ်သိမ်းတို့သေကျေပျက်စီးကြ သည့်နေ့မတိုင်မီလူတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဖက်လျက်နေခဲ့ကြ၏။- Judson Bible နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း နောဧသည် သင်္ဘောထဲသို့ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာကာ သူတို့အားလုံးကိုဖျက်ဆီးလေ၏။ မြန်မာ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေကြ၏။- |
သေရာမှရှင်ပြန်ထမြောက်မည့်ကာလတွင် လူတို့သည် လက်ထပ်ယူခြင်းနှင့် လက်ထပ်ပေးစားခြင်းကို ပြုကြမည်မဟုတ်။ ထိုသူတို့သည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့်မည်။
ထိုနည်းတူ လောတ၏ခေတ်၌ လူတို့သည် သောက်စားပျော်ပါးလျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ ဆောက်လုပ်လျက် နေကြ၏။