ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။
လုကာ 17:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ယေရှု၏ခြေတော်ရင်း၌ ဝပ်တွားခယလျက် ကျေးဇူးတင်လေ၏။ ထိုသူသည် ရှမာရိလူမျိုးဖြစ်၏။ Common Language Bible ထိုနောက်ခြေတော်ရင်းမှာပျပ်ဝပ်လျက် ကိုယ်တော် ၏ကျေးဇူးတော်ကြီးလှကြောင်းကိုလျှောက်ထား၏။ ထိုသူကားရှမာရိအမျိုးသားဖြစ်သတည်း။- Garrad Bible ခြေ တော် ရင်း တွင် ပျပ် ဝပ်၍ ကျေး ဇူး တော် ကို ချီး မွမ်း၏။ ထို သူ ကား ရှ မာ ရိ လူ မျိုး တည်း။ Judson Bible ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ခြေတော်ရင်း၌ပျပ်ဝပ်၍ ကိုယ်တော်ကိုကျေးဇူးတင်၏။ ထိုသူသည် ရှမာရိနယ်သားဖြစ်၏။ မြန်မာ ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- |
ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။
သူတို့သည် အိမ်ထဲသို့ ဝင်၍ မယ်တော်မာရိနှင့်အတူ သူငယ်တော်ကို တွေ့မြင်သော် ဝပ်တွားခယလျက် သူငယ်တော်ကို ရှိခိုးကြပြီးလျှင် မိမိတို့၏ ရတနာသေတ္တာများကို ဖွင့်ကာ ရွှေ၊ လောဗန်နှင့် မုရန်ဟူသော လက်ဆောင်များကို ဆက်သကြ၏။
ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသဖြင့် ကြောက်ရွံ့တုန်လှုပ်ကာ ကိုယ်တော်ရှေ့တော်သို့ လာ၍ ဝပ်တွားခယလျက် အဖြစ်မှန်အကုန်အစင်ကို လျှောက်လေ၏။
ထိုအခါ ယေရှုက “လူဆယ်ယောက်အား သန့်ရှင်းစင်ကြယ်စေခဲ့သည်မဟုတ်ပါလော။ အခြားသောကိုးယောက်သည် အဘယ်မှာနည်း။
ထိုအဖြစ်အပျက်ကို မြင်သောအခါ ရှိမုန်ပေတရုသည် ယေရှု၏ခြေတော်ရင်း၌ ဒူးထောက်ပြီးလျှင် “သခင်… အကျွန်ုပ်သည် အပြစ်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။
ထိုရှမာရိအမျိုးသမီးက “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သော ကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းသနည်း” ဟု အံ့အားသင့်စွာ မေးလေ၏။ ထိုသို့မေးရခြင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိလူမျိုးတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းမပြုကြသောကြောင့်ဖြစ်၏။
ဂျူးလူမျိုးတို့က “သင်သည် ရှမာရိလူမျိုးဖြစ်ပြီး နတ်ဆိုးပူးသောသူလည်းဖြစ်သည်ဟူ၍ ငါတို့ပြောဆိုကြသည်မှာ မှန်သည်မဟုတ်လော” ဟု ဆိုကြ၏။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သူတို့၏ စိတ်နှလုံးထဲမှ လျှို့ဝှက်သောအတွေးအခေါ်များသည် ပေါ်လွင်လာသဖြင့် သူတို့သည် ဝပ်တွားခယကာ “ဘုရားသခင်သည် သင်တို့နှင့်အတူ အမှန်တကယ်ရှိတော်မူ၏” ဟု ကြွေးကြော်လျက် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။
အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်ရှေ့၌ ဝပ်တွားခယ၍ အစဉ်ထာဝရအသက်ရှင်တော်မူသောအရှင်ကို ကိုးကွယ်ကြ၏။ ထိုအကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် မိမိတို့၏သရဖူများကို ရာဇပလ္လင်တော်ရှေ့၌ ချထားလျက်
ထိုအခါ သတ္တဝါလေးပါးက “အာမင်” ဟုဆိုကြ၏။ အကြီးအကဲတို့သည်လည်း ဘုရားသခင်နှင့် သိုးသငယ်တော်ကို ဝပ်တွားခယလျက် ကိုးကွယ်ကြ၏။