ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
လုကာ 17:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “သခင်ယေရှု… အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု အော်ဟစ်ကြ၏။ Common Language Bible ``သခင်ယေရှုအရှင်မြတ်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုဟစ်အော်လျှောက်ထား ကြ၏။ Judson Bible သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အသံကိုကျယ်စွာပြု၍ “သခင်ယေရှု၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ”ဟု လျှောက်ကြ၏။ မြန်မာ သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။- |
ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
ယေရှုသည် ထိုနေရာမှ ထွက်ကြွတော်မူစဉ် မျက်မမြင်နှစ်ယောက်က “ဒါဝိဒ်မင်း၏သားတော် ယေရှု၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ဟစ်အော်လျက် နောက်တော်သို့ လိုက်ကြ၏။
ထိုနတ်သည် သူငယ်ကို သေစေရန် မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေ မကြာခဏပစ်ချတတ်ပါ၏။ ဆရာတော်သည် တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်တော်မူပါ” ဟု လျှောက်လေ၏။
ယေရှုသည် သူတို့ကိုမြင်သောအခါ “ယဇ်ပုရောဟိတ်များထံသို့ သွား၍ မိမိကိုယ်ကို ပြကြလော့” ဟု မိန့်တော်မူ၏။ သူတို့သည် သွားကြစဉ် သန့်ရှင်းစင်ကြယ်ကြကုန်၏။
ရှိမုန်ကလည်း “ဆရာ… ကျွန်ုပ်တို့သည် တစ်ညတာလုံး ကြိုးစားဖမ်းကြသော်လည်း ငါးတစ်ကောင်ကိုမျှ မမိပါ။ သို့သော်လည်း ဆရာခိုင်းသောကြောင့် ကျွန်ုပ် ပိုက်ကွန်များကို ချပါမည်” ဟု လျှောက်လေ၏။