အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြ၏။ သို့သော် ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။
လုကာ 15:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သားငယ်ဖြစ်သူက ဖခင်အား ‘အဖေ… ကျွန်ုပ်ရထိုက်သော အမွေပစ္စည်းများကို ခွဲဝေပေးပါ’ ဟု ပြော၏။ ထိုအခါ ဖခင်သည်လည်း သူ၏စည်းစိမ်ဥစ္စာများကို သူတို့နှစ်ဦးအား ခွဲဝေပေးလေ၏။ Common Language Bible သားငယ်သည်အဖအား `အဖ၊ ကျွန်တော်ရထိုက် သောအမွေကိုခွဲဝေပေးပါ' ဟုဆို၏။ ထိုအခါ ဖခင်သည် မိမိ၏ဥစ္စာပစ္စည်းများကိုသားနှစ် ယောက်အားခွဲဝေပေး၏။- Garrad Bible ဥ စ္စာ ပ စ္စည်း များ အ နက် ကျွန် တော် ရ ထိုက် သော အ မွေ စု ကို ပေး ပါ ဟု လျှောက် တောင်း သည့် အ တိုင်း ပိုင် ဆိုင် သ မျှ ကို အ ဘ ခွဲ ဝေ လေ၏။ Judson Bible သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သားငယ်သည် ဖခင်အား ‘အဖေ၊ အကျွန်ုပ်ရထိုက်သောအမွေပစ္စည်းကို ခွဲဝေပေးပါ’ဟု ဆိုသဖြင့် ဖခင်သည် သူ၏ဥစ္စာပစ္စည်းများကို သူတို့အား ခွဲဝေပေးလေ၏။ မြန်မာ သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။- |
အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြ၏။ သို့သော် ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။
ရက်အနည်းငယ်ကြာသော် သားငယ်သည် မိမိပိုင်ဆိုင်သမျှကို ထုပ်ပိုးကာ ဝေးသောတိုင်းပြည်သို့ ထွက်သွား၏။ ထိုပြည်သို့ ရောက်သောအခါ သူသည် ပျော်ပါးသောက်စား၍ အသက်ရှင်လျက် ယူဆောင်လာသမျှ စည်းစိမ်များကို ဖြုန်းတီးလေ၏။
သို့သော် အဖေ့ထံမှ ဥစ္စာများကို ယူလျက် မိန်းမရွှင်များနှင့် ပျော်ပါးဖြုန်းတီးပြီးမှ ပြန်လာသောသားငယ်အတွက် ဆူဖြိုးသောနွားကလေးကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။