ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
လုကာ 13:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့မဟုတ်ပါ။ သင်တို့အား ငါပြောဆိုသည်မှာ သင်တို့သည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်။ Common Language Bible သို့ရာတွင်သင်တို့သည်လည်းနောင်တမရ ကြလျှင် ထိုသူတို့နည်းတူသေကျေပျက်စီး ရလိမ့်မည်။- Garrad Bible ထို သို့ မ ဟုတ်။ နောင် တ မ ရ လျှင် သင် တို့ ရှိ သ မျှ သည် ထို နည်း တူ ပျက် စီး ရ ကြ လိမ့် မည် ငါ ဆို၏။ Judson Bible သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မဟုတ်ပေ။ သင်တို့အား ငါဆိုသည်ကား သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူပျက်စီးကြလိမ့်မည်။ မြန်မာ သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါဆို၏။- |
ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏တပ်ကို စစ်ချီစေပြီး ထိုလူသတ်သမားများကို သတ်ကာ သူတို့၏မြို့ကို မီးရှို့စေ၏။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
ထိုအခါ ယေရှုက “ဤဂါလိလဲပြည်သားတို့သည် အခြားဂါလိလဲပြည်သားတို့ထက် ပို၍ အပြစ်များသောကြောင့် ယခုကဲ့သို့ခံရသည်ဟု သင်တို့ထင်သလော။
ထို့ပြင် ရှိလောင်မျှော်စင်လဲပြိုသောကြောင့် ပိ၍ သေဆုံးသောလူဆယ့်ရှစ်ဦးသည် ဂျေရုဆလင်မြို့ရှိ အခြားလူများထက် ပို၍ အပြစ်ကြီးသည်ဟု ထင်ကြသလော။
ထိုသို့မဟုတ်ပါ။ သင်တို့အား ငါပြောဆိုသည်မှာ သင်တို့အားလုံးသည်လည်း နောင်တမရလျှင် ထိုနည်းတူ ပျက်စီးကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
ထို့ကြောင့် သင်တို့၏အပြစ်များကို ဘုရားသခင် ဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။