ပညာသတိမဲ့သော အပျိုရံတို့သည် ဆီဝယ်ရန် သွားနေကြစဉ် သတို့သားရောက်လာ၏။ အဆင်သင့်ရှိနေသော အပျိုရံတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားပြီးနောက် တံခါးသည်လည်း ပိတ်လေ၏။
လုကာ 11:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူက ‘ငါ့ကို မနှောင့်ယှက်ပါနှင့်။ အိမ်တံခါးကို ပိတ်ထားပြီ။ ငါ၏သားသမီးများနှင့် ငါသည်လည်း အိပ်ရာဝင်ကြပြီ။ ထို့ကြောင့် ငါထ၍ သင့်အား မပေးနိုင်ပါ’ ဟူ၍ အိမ်အထဲမှ ပြန်ဖြေလိမ့်မည်။ Common Language Bible အိမ်ရှင်က `ကျွန်ုပ်ကိုမနှောင့်ယှက်ပါနှင့်။ အိမ် တံခါးကိုပိတ်ထားပြီးလေပြီ။ သားသမီး များနှင့်ကျွန်ုပ်သည်အိပ်ရာဝင်ကြပြီးဖြစ် ၏။ ထို့ကြောင့်ကျွန်ုပ်ထ၍သင့်အားဘာမျှ မပေးနိုင်ပါ' ဟုအိမ်တွင်းမှပြောလိမ့်မည်။- Garrad Bible အိမ် တွင် ရှိ သူ က ကျွန်ုပ် ကို ဒု က္ခ မ ရှာ ပါ နှင့်။ တံ ခါး ပိတ် ထား ပါ ပြီ။ သား သ မီး တို့ လည်း ကျွန်ုပ် နှင့် တ ကွ အိပ် လျက် ရှိ ကြ သ ဖြင့် ထ၍ မ ပေး နိုင် ဟု အ ကယ် ဆို ခဲ့ လျှင်၊ Judson Bible အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့် အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊- မြန်မာ့စံမီသမ္မာကျမ်း ထိုသူက ‘ငါ့ကိုအနှောင့်အယှက်မပေးပါနှင့်။ တံခါးပိတ်ထားပြီ။ ငါ့သားသမီးများသည်လည်း ငါနှင့်အတူအိပ်ရာဝင်ကြပြီ။ ငါသည်ထ၍ သင့်အား မည်သည့်အရာကိုမျှမပေးနိုင်ပါ’ဟု အိမ်တွင်းမှ ပြန်ပြောလိမ့်မည်။ မြန်မာ အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့် အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊- |
ပညာသတိမဲ့သော အပျိုရံတို့သည် ဆီဝယ်ရန် သွားနေကြစဉ် သတို့သားရောက်လာ၏။ အဆင်သင့်ရှိနေသော အပျိုရံတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားပြီးနောက် တံခါးသည်လည်း ပိတ်လေ၏။
ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် ခရီးသွားရာမှ ကျွန်ုပ်ထံ ရောက်လာပါ၏။ သူ့အား ဧည့်ခံရန် ဘာမျှမရှိသောကြောင့် ကျွန်ုပ်ကို ပေါင်မုန့်သုံးလုံး ချေးပေးပါ’ ဟု ဆိုသော်
သင်တို့အား ငါပြောဆိုသည်မှာ ထိုအိမ်ရှင်သည် မိတ်ဆွေဖြစ်သည်ကို ထောက်၍ အိပ်ရာမှထ၍ ပေါင်မုန့်ကို ပေးလိမ့်မည်မဟုတ်။ သို့သော်လည်း သူ၏မဆုတ်မနစ်တောင်းနေခြင်းကြောင့် အိမ်ရှင်သည် ထ၍ သူလိုသမျှကို ပေးလိမ့်မည်။
အိမ်ရှင်သည် ထ၍ တံခါးကိုပိတ်သောအခါ သင်တို့သည် အိမ်အပြင်၌ ရပ်၍ တံခါးကို ခေါက်လျက် ‘သခင်… ကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါ’ ဟု တောင်းပန်မည်။ သို့သော် အိမ်ရှင်က ‘သင်တို့သည် အဘယ်ကလာသည်ကို ငါမသိ’ ဟု ပြန်ဖြေလိမ့်မည်။
ထိုအခါ ယေရှုသည် ထိုသူတို့နှင့်အတူ ကြွတော်မူ၏။ သို့သော်လည်း အိမ်အနီးသို့ ရောက်သောအခါ တပ်မှူးသည် မိမိ၏မိတ်ဆွေတို့ကို တစ်ဖန်စေလွှတ်၍ “သခင်… ဒုက္ခမခံပါနှင့်။ အကျွန်ုပ်၏အိမ်မိုးအောက်သို့ သခင်ကြွဝင်တော်မူခြင်းကိုပင် အကျွန်ုပ်မခံထိုက်ပါ။
ယခုမှစ၍ မည်သူမျှ ကျွန်ုပ်ကို မနှောင့်ယှက်ပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ကိုယ်ခန္ဓာတွင် ရှိသော ဒဏ်ရာဒဏ်ချက်များက ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း ဖော်ပြလျက် ရှိသောကြောင့် ဖြစ်၏။