လုကာ 11:46 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ကျမ်းတတ်ပညာရှင်တို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြသောကြောင့်ဖြစ်၏။ Common Language Bible ကိုယ်တော်က ``အချင်းကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်းအမင်္ဂလာရှိကြ၏။ အထမ်း ရခက်သည့်ဝန်ထုပ်များကိုသင်တို့သည်လူ များအားထမ်းစေကြလျက်သင်တို့ကိုယ်တိုင် မူကားထိုဝန်ထုပ်များကိုလက်ဖျားနှင့်မျှ မတို့ကြ။- Garrad Bible ကိုယ် တော် က အ ချင်း ကျမ်း တတ် တို့၊ သင် တို့၌ လည်း အ မင်္ဂ လာ ရှိ၏။ ထမ်း ခဲ သော ဝန် ထုပ် များ ကို သူ တစ် ထူး တို့ အ ပေါ် တွင် တင် ပြီး လျှင် လက် တစ် ချောင်း နှင့် မျှ ကိုယ် တိုင် မ မ ကြ။ Judson Bible ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသောဝန်ကို သူတစ်ပါးအပေါ်မှာ တင်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်က“ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထမ်းရခက်သောဝန်များကို လူတို့အားထမ်းစေကြ၏။ သင်တို့ကိုယ်တိုင်ကမူ ၎င်းတို့ကို သင်တို့လက်ဖျားနှင့်မျှမတို့ကြ။ မြန်မာ ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသောဝန်ကို သူတစ်ပါးအပေါ်မှာ တင်တတ်၏။- |
ကျမ်းတတ်ပညာရှင်တစ်ဦးက “ဆရာတော်… ဤအရာများကို ဆရာဟောပြောသောအခါ ကျွန်ုပ်တို့ကိုပင် စော်ကားရာရောက်ပါ၏” ဟု လျှောက်လေ၏။
ကျမ်းတတ်ပညာရှင်တို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အသိပညာဖွင့်သောသော့ကို ယူထား၍ ကိုယ်တိုင်မဝင်သည့်အပြင် ဝင်လိုသောသူများကိုလည်း တားဆီးကြ၏” ဟု မိန့်တော်မူ၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့ပင်လျှင် ကိုယ်တိုင် ပညတ်တရားကို လိုက်နာကျင့်သုံးကြသည်မဟုတ်။ ထိုသူတို့သည် သင်တို့၏ အသွေးအသား၌ အရေပြားလှီးခြင်းအပေါ် ကြွားဝါနိုင်ရန် သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာကို ခံယူစေလိုကြခြင်း ဖြစ်၏။