သို့ဖြစ်၍ သင်တို့အား အမှောင်၌ ငါပြောသမျှကို အလင်းတွင် ပြောကြလော့။ သင်တို့နား၌ ငါတီးတိုးပြောသမျှကို လသာဆောင်ပေါ်မှ ကြေညာကြလော့။
လုကာ 11:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူမျှ ဆီမီးခွက်ကို ထွန်း၍ မြေအောက်ခန်း၌ဖြစ်စေ၊ တောင်းအောက်၌ဖြစ်စေ ဝှက်ထားလေ့မရှိ။ အခန်းသို့ ဝင်လာသောသူတို့အလင်းရောင်ရစေရန် ဆီမီးတိုင်ပေါ်တွင် တင်ထားလေ့ရှိ၏။ Common Language Bible လူတို့သည် ``ဆီမီးကိုထွန်းညှိ၍ဖုံးကွယ်ထား လေ့မရှိ။ တောင်းဖြင့်လည်းအုပ်ထားလေ့မရှိ။ အိမ်ထဲသို့ဝင်လာသူများအလင်းရစေရန် မီးတင်ခုံပေါ်မှာတင်ထားလေ့ရှိ၏။- Garrad Bible မီး ထွန်း ပြီး နောက် မြေ တွင်း၌ ဖြစ် စေ၊ တောင်း အောက်၌ ဖြစ် စေ မည် သူ မျှ မ ထား တတ်။ အ လင်း ကို ဝင် လာ သူ တို့ မြင် နိုင် ရန် ခုံ ပေါ် တွင် သာ တင် ထား တတ် ၏။ Judson Bible ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဆီမီးကိုထွန်း၍ ကွယ်ရာ၌ထားသောသူ၊ သို့မဟုတ် တောင်းအောက်၌ထားသောသူ တစ်စုံတစ်ဦးမျှမရှိ။ ဝင်လာသောသူတို့သည် အလင်းကိုမြင်စေရန် ဆီမီးခုံပေါ်၌သာထားတတ်ကြ၏။ မြန်မာ ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။- |
သို့ဖြစ်၍ သင်တို့အား အမှောင်၌ ငါပြောသမျှကို အလင်းတွင် ပြောကြလော့။ သင်တို့နား၌ ငါတီးတိုးပြောသမျှကို လသာဆောင်ပေါ်မှ ကြေညာကြလော့။
ယေရှုက “တစ်ရက်တွင် နေ့အချိန် ဆယ့်နှစ်နာရီရှိ၏။ ဤကမ္ဘာလောကအား အလင်းရောင်ကို ပေးသောသူကြောင့် လူတို့သည် နေ့အချိန်တွင် ခလုတ်မတိုက်ဘဲ သွားလာနိုင်ကြ၏။
ငါ့ကို ယုံကြည်သောသူတိုင်း အမှောင်၌ မနေစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ ကြွလာပြီ။