သို့ရာတွင် ယေရှုက “ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။
လုကာ 11:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားစီရင်တော်မူသောနေ့တွင် နိနဝေမြို့သားတို့သည် ထ၍ ဤမျိုးဆက်ကို အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ယောန၏ဟောပြောခြင်းအားဖြင့် သူတို့၏အပြစ်များမှ နောင်တရခဲ့ကြသောကြောင့်ဖြစ်၏။ ကြည့်ရှုလော့။ ယောနထက်ကြီးမြတ်သူသည် ဤအရပ်၌ ရှိ၏။ Common Language Bible နိနေဝေမြို့သားတို့သည်ယောနဟောပြော သွန်သင်ချက်ကြောင့်နောင်တရခဲ့ကြ၏။ ယခု မှာမူယောနထက်ကြီးမြတ်သည့်အရာရောက် ရှိနေလေပြီ။ တရားစီရင်တော်မူရာနေ့၌ နိနေဝေမြို့သားတို့သည်ထ၍ဤလူတို့ အားပြစ်တင်စွပ်စွဲကြလိမ့်မည်'' ဟုမိန့်တော် မူ၏။ Garrad Bible ယော န ဟော ပြော သော ကြောင့် နောင် တ ရ သော နိ နေ ဝေ မြို့ သူ မြို့ သား တို့ လည်း ထို ကာ လ၌ ယ ခု လူ မျိုး နှင့် အ တူ ရှင် ပြန် လျက် အ ပြစ် စီ ရင် ကြ လိမ့် မည်။ ယော န ထက် ကြီး မြတ် သူ သည် ဤ နေ ရာ တွင် ရှိ သည် တ ကား။ Judson Bible တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကိုထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက်ကြီးမြတ်သောသူရှိ၏။ မြန်မာ တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ |
သို့ရာတွင် ယေရှုက “ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။
တရားစီရင်တော်မူသောနေ့တွင် နိနဝေမြို့သားတို့သည် ဤမျိုးဆက်တို့နှင့်အတူ ထ၍ ဤမျိုးဆက်ကို အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ယောန၏ ဟောပြောခြင်းအားဖြင့် သူတို့၏ အပြစ်များမှ နောင်တရကြသောကြောင့်ဖြစ်၏။ ကြည့်ရှုလော့။ ယောနထက်ကြီးမြတ်သူသည် ဤအရပ်၌ ရှိ၏။ သို့သော် သင်တို့သည် နောင်တရရန် ငြင်းဆိုကြ၏။
တရားစီရင်တော်မူသောနေ့တွင် တောင်ပိုင်းမိဖုရားသည် ဤမျိုးဆက်အား ထ၍ အပြစ်တင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ပညာစကားကို နားထောင်ရန် ဝေးလံသောအရပ်မှ ရောက်လာသောကြောင့်ဖြစ်၏။ ကြည့်ရှုကြလော့။ ရှောလမုန်မင်းကြီးထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ရှိ၏။
ထိုယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ၌ အကြီးမြတ်ဆုံးသော နေရာသို့ ချီးမြှောက်ခံရသူဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်နေသောယဇ်ပုရောဟိတ်မင်းမျိုး ဖြစ်၏။