ခွန်အားကြီးသောသူသည် လက်နက်စုံနှင့် မိမိအိမ်ကို စောင့်ကြပ်လျှင် သူ၏ပစ္စည်းဥစ္စာသည် လုံခြုံလိမ့်မည်။
လုကာ 11:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် သူ့ထက်ခွန်အားကြီးသောသူသည် ဝင်ရောက်တိုက်ခိုက်၍ အနိုင်ရသောအခါ သူ၏အားကိုးရာလက်နက်တို့ကို ထိုအနိုင်ရသူသည် သိမ်းယူလျက် ဥစ္စာတို့ကိုလည်း ခွဲဝေလိမ့်မည်။ Common Language Bible သို့ရာတွင်ထိုသူထက်ခွန်အားကြီးသူသည် ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်မြင်သော အခါ သူအားကိုးအားထားပြုသည့်လက် နက်များကိုသိမ်းယူသွားလိမ့်မည်။ တိုက်ခိုက် ၍ရရှိသောဥစ္စာပစ္စည်းများကိုလည်းခွဲ ဝေလိမ့်မည်။'' Garrad Bible သူ့ ထက် ခွန် အား ကြီး သူ သည် ရောက် လာ အောင် မြင် သော် အား ကိုး သော လက် နက် စုံ ကို သိမ်း၍ ဥ စ္စာ များ ကို ခွဲ ယူ တတ်၏။ Judson Bible သူ့ထက် တတ်စွမ်းနိုင်သောသူသည် လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကိုသိမ်းယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူ့ထက်ခွန်အားကြီးသောသူသည်ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်နိုင်သောအခါ သူအားကိုးခဲ့သည့် လက်နက်စုံကိုသိမ်းယူ၍ သိမ်းပိုက်ရရှိသည့်ပစ္စည်းများကို ခွဲဝေလိမ့်မည်။ မြန်မာ သူ့ထက် တတ်စွမ်းနိုင်သောသူသည် လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကိုသိမ်းယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။- |
ခွန်အားကြီးသောသူသည် လက်နက်စုံနှင့် မိမိအိမ်ကို စောင့်ကြပ်လျှင် သူ၏ပစ္စည်းဥစ္စာသည် လုံခြုံလိမ့်မည်။
ငါ့ဘက်၌ မနေသောသူသည် ငါ့ကိုဆန့်ကျင်၏။ ငါနှင့်အတူ မစုစည်းသောသူသည် ပြန့်ကျဲစေသောသူဖြစ်၏။
မာရ်နတ်၏ စစ်ဆင်ခြင်းကို ခုခံကာကွယ်နိုင်ရန် ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆင်ကြလော့။
ထို့ကြောင့် ဘုရားသခင်၏ လက်နက်စုံကို ဝတ်ဆင်ကြလော့။ သို့ပြုလျှင် ထိုဆိုးသော နေ့ရက်ကာလ၌ သင်တို့သည် ခုခံကာကွယ်နိုင်၍ တိုက်ပွဲ ပြီးဆုံးသောအခါ၌လည်း ရပ်တည်နိုင်ဆဲ ဖြစ်လိမ့်မည်။
အုပ်စိုးမှုနှင့် အာဏာစက်များ၏ တန်ခိုးကို ဖယ်ရှားပြီးလျှင် လက်ဝါးကပ်တိုင်တွင် အောင်ပွဲခံ၍ လူရှေ့သူရှေ့တွင် အရှက်ရစေတော်မူ၏။
အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။
သားသမီးတို့… သင်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်၍ ထိုသူတို့ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်တော်သည် လောကီသားတို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်ထက် ပို၍ ကြီးမြတ်သောကြောင့် ဖြစ်၏။