ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်၊ ဖိနပ်အပိုစသည်တို့ကို ယူမသွားကြနှင့်။ လမ်းတွင် မည်သူကိုမျှ နှုတ်မဆက်ကြနှင့်။
လုကာ 10:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အိမ်တစ်အိမ်သို့ ဝင်သောအခါ ‘ဤအိမ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ’ ဟု ဦးစွာမေတ္တာပို့ကြလော့။ Common Language Bible သင်တို့မည်သည့်အိမ်သို့မဆိုဝင်သောအခါ ``ဤ အိမ်၌ငြိမ်သက်ခြင်းရှိပါစေ'' ဟုဦးစွာမေတ္တာ ပို့ကြလော့။- Garrad Bible မည် သည့် အိမ် သို့ မ ဆို ဝင် သော် ဤ အိမ်၌ ချမ်း သာ တည် ပါ စေ သော ဟူ၍ ဦး စွာ ဆို ကြ လော့။ Judson Bible မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။ မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ဟူ၍ ဦးစွာနှုတ်ဆက်ကြလော့။ မြန်မာ မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။ |
ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်၊ ဖိနပ်အပိုစသည်တို့ကို ယူမသွားကြနှင့်။ လမ်းတွင် မည်သူကိုမျှ နှုတ်မဆက်ကြနှင့်။
ထိုအိမ်တွင် ငြိမ်းချမ်းခြင်းကို လိုလားသူရှိလျှင် သင်တို့ပို့သသောမေတ္တာသည် ထိုသူအပေါ် သက်ရောက်လိမ့်မည်။ ထိုသို့မရှိပါက သင်တို့ပို့သသောမေတ္တာသည် သင်တို့ထံ ပြန်လာလိမ့်မည်။
ယေရှုက “ဤသူသည် အာဗြဟံ၏မျိုးဆက်ဖြစ်သောကြောင့် ယနေ့ပင် ကယ်တင်ခြင်းသည် ဤအိမ်ပေါ်တွင် သက်ရောက်လေပြီ။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ကိုယ်တော်သည် ကြွလာ၍ ဘုရားသခင်နှင့် ဝေးကွာသော လူမျိုးခြား သင်တို့ကိုလည်းကောင်း၊ နီးသော ဂျူးလူမျိုးတို့ကိုလည်းကောင်း ငြိမ်းချမ်းခြင်းနှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။