ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
လုကာ 10:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။ Common Language Bible ကျမ်းတတ်ဆရာတစ်ယောက်သည်အထံတော် သို့လာ၍ ``ဆရာတော်၊ အကျွန်ုပ်သည်ထာဝရ အသက်ကိုရအံ့သောငှာအဘယ်သို့ပြုရ ပါမည်နည်း'' ဟုကိုယ်တော်အားပညာစမ်း လိုသဖြင့်မေးလျှောက်၏။ Garrad Bible ထို အ ခါ ကျမ်း တတ် တစ် ယောက် သည် ကိုယ် တော် ကို စုံ စမ်း ရန် ထ ပြီး လျှင် ဆ ရာ၊ ထာ ဝ ရ အ သက် ကို အ ပိုင် ရ ခြင်း ငှာ မည် သို့ ပြု ရ ပါ မည် နည်း ဟု မေး ရာ၊ Judson Bible တစ်ရံရောအခါ ကျမ်းတတ်တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။ မြန်မာ တစ်ရံရောအခါ ကျမ်းတတ်တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်သော်၊- |
ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ယေရှုက “ကွာရှင်းခြင်းနှင့်ပတ်သက်၍ သင်တို့ကို မောရှေက မည်သို့ညွှန်ကြားထားသနည်း” ဟု ပြန်၍ မေးတော်မူ၏။
ကျမ်းတတ်ဆရာတစ်ဦးသည် ယေရှုနှင့်ဇဒ္ဒုကဲတို့ ငြင်းခုံပြောဆိုနေကြသည်ကို နားထောင်လျက်ရှိ၏။ ကိုယ်တော်သည် သူတို့ကို ကောင်းမွန်စွာ ဖြေတော်မူသည်ကို သတိထားမိသဖြင့် ထိုကျမ်းတတ်ဆရာက “ပညတ်တော်အားလုံးတွင် မည်သည့်ပညတ်တော်သည် အရေးကြီးဆုံးဖြစ်သနည်း” ဟု မေးလျှောက်လေ၏။
ငါပြောဆိုသည်မှာ သင်တို့ မြင်ရသောအရာတို့ကို ရှေးခေတ်က ပရောဖက်များနှင့် ဘုရင်တို့သည် မြင်လိုခဲ့ကြ၏၊ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရသောအကြောင်းအရာတို့ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ” ဟူ၍ ဖြစ်၏။
ယေရှုက “ပညတ်ကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်သည် မည်သို့ဖတ်ဖူးသနည်း” ဟု ပြန်၍ မေးလေ၏။
ဘာသာရေးခေါင်းဆောင်တစ်ဦးက ယေရှုအား “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်၏။
သို့သော်လည်း ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်တို့သည် မိမိတို့ကိုယ်ကျိုးအတွက် ဘုရားသခင်၏ အကြံအစည်တော်ကို ငြင်းပယ်၍ ယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာကို မခံယူကြပေ။
သူတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ထိုသို့ လျှောက်ထား၍ ထောင်ချောက်ဆင်ကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် အောက်သို့ငုံ့၍ မြေပြင်ပေါ်တွင် လက်ညှိုးတော်ဖြင့် ရေးခြစ်လျက်နေတော်မူ၏။
အကယ်၍ ပညတ်တရားကို လိုက်နာမှသာ အမွေရမည်မှန်လျှင် ထိုအမွေမှာ ကတိတော်ကြောင့် ရသည်မဟုတ်တော့ပေ။ သို့သော် ဘုရားသခင်သည် အာဗြဟံအား ထိုအမွေကို ကတိတော်အရ ပေးသနားတော်မူခြင်း ဖြစ်၏။