သို့ရာတွင် သင်တို့၏ မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိကြ၏။ သင်တို့၏နားသည် ကြားသောကြောင့် မင်္ဂလာရှိကြ၏။
လုကာ 10:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါပြောဆိုသည်မှာ သင်တို့ မြင်ရသောအရာတို့ကို ရှေးခေတ်က ပရောဖက်များနှင့် ဘုရင်တို့သည် မြင်လိုခဲ့ကြ၏၊ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရသောအကြောင်းအရာတို့ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ” ဟူ၍ ဖြစ်၏။ Common Language Bible သင်တို့အားငါဆိုသည်ကားသင်တို့မြင်ရသည့် အရာများကိုပရောဖက်များ၊ ရှင်ဘုရင်များ မြင်လိုကြသော်လည်းမမြင်ရကြ၊ သင်တို့ကြား ရသည့်အရာများကိုကြားလိုသော်လည်းမ ကြားရကြ'' ဟုမိန့်တော်မူသည်။ Garrad Bible သင် တို့ မြင် သော အ ရာ များ ကို ပ ရော ဖက် နှင့် ဘု ရင် မင်း အ များ သည် မြင် လို သော် လည်း မ မြင် ရ ကြ။ သင် တို့ ကြား သော အ ရာ များ ကို ကြား လို သော် လည်း မ ကြား ရ ကြ ဟု အ သီး အ ခြား မိန့် တော် မူ ၏။ Judson Bible ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ရှင်ဘုရင်တို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန် အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလိုရှိသော်လည်း မကြားခဲ့ရကြပေ”ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။ မြန်မာ ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။ |
သို့ရာတွင် သင်တို့၏ မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိကြ၏။ သင်တို့၏နားသည် ကြားသောကြောင့် မင်္ဂလာရှိကြ၏။
ထို့နောက် ကိုယ်တော်သည် တပည့်တော်များထံသို့ လှည့်၍ သီးခြား မိန့်တော်မူသည်မှာ “သင်တို့သည် ယခုမြင်ရသောအရာများကို မြင်ရသောကြောင့် သင်တို့၏မျက်စိတို့သည် မင်္ဂလာရှိကြ၏။
တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
သင်တို့၏ ဖခင်ကြီးအာဗြဟံသည် ငါကြွလာမည့် နေ့ရက်ကို တွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးခဲ့၏။ တွေ့မြင်ရသောအခါ၌လည်း ဝမ်းမြောက်ခဲ့၏” ဟု မိန့်တော်မူ၏။
ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။
ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းကြောင့် ချီးကျူးခံရသော်လည်း ဘုရားသခင်ကတိပြုတော်မူသည့်အရာကို မရရှိခဲ့ကြပေ။