ကောင်းကင်တမန်က “ဇာခရိ… မကြောက်နှင့်။ ဘုရားသခင်သည် သင်၏ဆုတောင်းသံကို နားဆင်တော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ယောဟန်ဟု မှည့်ရမည်။
လုကာ 1:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဧလိရှဗက်က “ထာဝရဘုရားသည် ငါ့ကိုသနား၍ ကျေးဇူးပြုတော်မူပြီ။ ငါ့ကို မျက်နှာသာပေး၍ သားသမီးမရှိသည့်အတွက် လူပုံအလယ်အရှက်ရခြင်းကို ဖယ်ရှားတော်မူပြီ” ဟု ဆို၏။ Common Language Bible ဧလိရှဗက်က ``ယခုငါ့အားထာဝရဘုရား ကျေးဇူးပြုတော်မူပြီ။ ငါ့အားလူတို့ကဲ့ရဲ့ရှုတ် ချခြင်းကိုကိုယ်တော်ပပျောက်စေတော်မူပြီ'' ဟုဆို၏။ Judson Bible ငါသည် လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှာ ငါ့ကို ကြည့်ရှုတော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း အဲလစ်ဇဘက်က “ထာဝရဘုရားသည် လူတို့အလယ်၌ ငါခံရသောကဲ့ရဲ့ရှုတ်ချခြင်းကိုဖယ်ရှားရန် ငါ့ကိုမျက်နှာသာပေးတော်မူသည့်နေ့ရက်များ၌ ဤသို့ပြုတော်မူပြီ”ဟု ဆိုလေ၏။ မြန်မာ ငါသည် လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှာ ငါ့ကို ကြည့်ရှုတော်မူစဉ်တွင်၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက်၊ ငါးလပတ်လုံး အိမ်တွင်း၌အောင်း၍ နေလေ၏။ |
ကောင်းကင်တမန်က “ဇာခရိ… မကြောက်နှင့်။ ဘုရားသခင်သည် သင်၏ဆုတောင်းသံကို နားဆင်တော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ယောဟန်ဟု မှည့်ရမည်။
ရက်အနည်းငယ်ကြာသော် သူ၏ဇနီး ဧလိရှဗက်သည် ကိုယ်ဝန်ဆောင်၍ ငါးလတိုင်တိုင် အိမ်တွင်းအောင်းလျက်နေ၏။
မြုံသောစာရာသည် အသက်အရွယ်လွန်သော်လည်း ယုံကြည်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသောအရှင်မှာ သစ္စာရှိသည်ဟု သူမှတ်ယူသောကြောင့် ဖြစ်၏။