လုကာ 1:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရက်အနည်းငယ်ကြာသော် သူ၏ဇနီး ဧလိရှဗက်သည် ကိုယ်ဝန်ဆောင်၍ ငါးလတိုင်တိုင် အိမ်တွင်းအောင်းလျက်နေ၏။ Common Language Bible ကာလအနည်းငယ်ကြာသောအခါသူ၏ဇနီး ဧလိရှဗက်သည် ကိုယ်ဝန်ရှိ၍ငါးလပတ်လုံး အိမ်တွင်းအောင်းလျက်နေ၏။- Garrad Bible ထို နောက် မ ယား ဧ လိ ရှ ဗက် သည် သန္ဓေ ယူ၍ ငါ၌ လူ တို့ ကဲ့ ရဲ့ ရန် အ ကြောင်း ကို ငါ့ အား ကြည့် ရှု၍ နုတ် ပယ် တော် မူ သော နေ့ ရက် ကာ လ တွင် ထာ ဝ ရ ဘု ရား သည် ဤ သို့ ပြု စု တော် မူ ပြီ ဟု ဆို လျက် ငါး လ ပုန်း အောင်း၍ နေ၏။ Judson Bible ထိုနောက် သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်များနောက်တွင် သူ၏ဇနီးအဲလစ်ဇဘက်သည် သန္ဓေတည်၍ ငါးလပတ်လုံး အိမ်တွင်း၌အောင်းလျက်နေ၏။ မြန်မာ ထိုနောက် သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍၊- |
ဧလိရှဗက်က “ထာဝရဘုရားသည် ငါ့ကိုသနား၍ ကျေးဇူးပြုတော်မူပြီ။ ငါ့ကို မျက်နှာသာပေး၍ သားသမီးမရှိသည့်အတွက် လူပုံအလယ်အရှက်ရခြင်းကို ဖယ်ရှားတော်မူပြီ” ဟု ဆို၏။
ယုဒပြည်ကို အုပ်ချုပ်သောဟေရုဒ်မင်း လက်ထက်၌ ဇာခရိဟု ခေါ်သော ယဇ်ပုရောဟိတ်တစ်ပါး ရှိ၏။ ထိုသူသည် အဘိယ ယဇ်ပုရောဟိတ် အဖွဲ့ဝင်တစ်ဦး ဖြစ်၍ သူ၏ဇနီးဖြစ်သော ဧလိရှဗက်သည်လည်း ယဇ်ပုရောဟိတ်အနွယ်ဝင် အာရုန်မှ ဆင်းသက်သောသူဖြစ်၏။
အို သော်ဖိလု… သခင်ယေရှု၏ အမှုတော်ဆောင်ရွက်ခြင်းနှင့် သွန်သင်ခြင်းတို့ကို အစပြုတော်မူသည့်အချိန်မှစ၍ ရွေးချယ်တော်မူခြင်းခံရသည့်တမန်တော်တို့အား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ညွှန်ကြားတော်မူပြီးနောက် အထက်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံတော်မူသည့်နေ့အထိ ဖြစ်ပျက်သော အကြောင်းအရာများကို ပထမစာစောင်တွင် ကျွန်ုပ်ရေးသားခဲ့ပြီ။