ထိုအခါ ဖာရိရှဲတို့သည် ဝတ်ပြုဆောင်မှ ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို တိုင်ပင်ကြ၏။
ရှင်ယောဟန် 8:59 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့သည် ယေရှုကို ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။ Common Language Bible ထိုသူတို့သည်သခင်ယေရှုကိုပေါက်ရန် ကျောက်ခဲများကောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည်တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။ Garrad Bible ယေရှုမူကားတိမ်းရှောင်၍ ဗိမာန်တော်ထဲမှထွက်ကြွတော်မူ၏။ Judson Bible ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည်တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုပေါက်ရန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။ မြန်မာ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည်တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။ |
ထိုအခါ ဖာရိရှဲတို့သည် ဝတ်ပြုဆောင်မှ ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို တိုင်ပင်ကြ၏။
ထိုအခါ သူတို့၏မျက်စိများ ပွင့်၍ ယေရှုဖြစ်ကြောင်း သိကြရ၏။ ထိုစဉ် ယေရှုသည် သူတို့၏မြင်ကွင်းမှ ကွယ်ပျောက်သွားတော်မူ၏။
ထို့ကြောင့် ယေရှုသည် ဂျူးလူမျိုးတို့အကြား ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှ ထွက်ခွာ၍ တောကန္တာရအနီး ဧဖရိမ်ဟု ခေါ်သော မြို့သို့ ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
တပည့်တော်တို့က “ဆရာတော်… မကြာသေးမီကပင် ယုဒပြည်မှလူတို့သည် ဆရာတော်ကို ခဲနှင့်ပေါက်သတ်ရန် ကြိုးစားခဲ့ကြ၏။ သို့နှင့်ပင် ထိုအရပ်သို့ တစ်ဖန်ကြွတော်မူမည်လော” ဟု လျှောက်ကြ၏။
ထို့ကြောင့် အလင်းရှိခိုက် ထိုအလင်းကို ယုံကြည်ကြလော့။ သို့မှသာ သင်တို့သည် အလင်း၏သားသမီးများ ဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤအရာများကို မိန့်တော်မူပြီးနောက် ယေရှုသည် ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။
ပိလတ်မင်းကလည်း “ဤသို့ဖြစ်လျှင် သူ့ကို ပြန်ခေါ်၍ သင်တို့၏တရားဥပဒေအတိုင်း စီရင်ကြလော့” ဟု ဆို၏။ ဂျူးခေါင်းဆောင်များက “အကျွန်ုပ်တို့သည် မည်သူ့ကိုမျှ သေဒဏ်ပေးပိုင်ခွင့်မရှိပါ” ဟု လျှောက်ကြ၏။
သို့သော် မည်သူဖြစ်ကြောင်းကို သူသည် မသိ။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် လူအုပ်ထဲသို့ မထင်မရှား ကြွသွားတော်မူသောကြောင့်ဖြစ်၏။
သို့သော် ထိုသူတို့သည် ကျယ်လောင်စွာ အော်ဟစ်၍ နားများကို ပိတ်လျက် သူ့ထံသို့ အရှိန်အဟုန်ဖြင့် တညီတညွတ်တည်း ပြေးသွားကြ၏။