ဤသို့သောအခြင်းအရာများကို ဥပုသ်နေ့၌ ယေရှုပြုတော်မူသောကြောင့် ဂျူးခေါင်းဆောင်တို့သည် ယေရှုကို လိုက်လံနှောင့်ယှက်ကြ၏။
ရှင်ယောဟန် 7:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဥပုသ်နေ့၌ အံ့ဖွယ်အမှုတစ်ခုကို ငါပြုသော် သင်တို့သည် အံ့ဩကြ၏။ Common Language Bible သခင်ယေရှုက ``ဥပုသ်နေ့၌အံ့သြဖွယ်အမှု တစ်ခုကိုငါပြုသောအခါ သင်တို့အားလုံး ပင်အံ့အားသင့်သွားကြ၏။- Garrad Bible ယေရှုက ငါသည်အမှုတစ်ခုကိုပြုလုပ်ရာတွင် သင်တို့ရှိသမျှအံ့သြကြ၏။ Judson Bible ယေရှုကလည်း၊ ငါပြုသောအမှုတစ်ခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“အမှုတစ်ခုကို ငါပြုသောအခါ သင်တို့အားလုံးသည် အံ့ဩကြ၏။ မြန်မာ ယေရှုကလည်း၊ ငါပြုသောအမှုတစ်ခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။- |
ဤသို့သောအခြင်းအရာများကို ဥပုသ်နေ့၌ ယေရှုပြုတော်မူသောကြောင့် ဂျူးခေါင်းဆောင်တို့သည် ယေရှုကို လိုက်လံနှောင့်ယှက်ကြ၏။
လူတစ်ဦးသည် ဥပုသ်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကိုခံရန် အချိန်ကျသော် သင်တို့သည် မောရှေ၏ ပညတ်ကျမ်းကို မချိုးဖောက်လိုသဖြင့် ထိုသူအား အရေပြားလှီးခြင်းမင်္ဂလာကို ပေးကြ၏။ သို့ဖြစ်လျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ဦးကို ကျန်းမာစေသည့်အတွက် သင်တို့သည် အဘယ်ကြောင့် ငါ့ကို အမျက်ထွက်ကြသနည်း။