ထို့နောက် ယေရှုသည် လူထုပရိသတ်တို့ကို ပြန်လွှတ်တော်မူစဉ် တပည့်တော်တို့ကိုလည်း လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်၌ ရှိသော ဗက်ဇဲဒမြို့သို့ သွားနှင့်စေတော်မူ၏။
ရှင်ယောဟန် 6:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိုးချုပ်လာပြီဖြစ်သော်လည်း ယေရှုကြွမလာသေးသဖြင့် သူတို့သည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးနှင့်ကြ၏။ Common Language Bible လှေပေါ်သို့တက်ကြပြီးလျှင်အိုင်တစ်ဖက်ကမ်း ရှိကပေရနောင်မြို့သို့ပြန်သွားကြ၏။ မိုးချုပ် လာသော်လည်းသခင်ယေရှုကားသူတို့ထံသို့ မကြွမရောက်သေး။- Garrad Bible လှေစီးလျက် ကပေရနောင်မြို့သို့ကူးနေကြရာ မိုးချုပ်၍လေပြင်းကျသဖြင့် လှိုင်းတံပိုးထသည့်ကာလ ယေရှုသည်သူတို့ထံမကြွမရောက်သေး။ Judson Bible ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။- မြန်မာ့စံမီသမ္မာကျမ်း လှေပေါ်တက်ပြီးလျှင် ပင်လယ်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးသွားကြ၏။ မိုးချုပ်ပြီဖြစ်သော်လည်း ယေရှုသည် သူတို့ထံသို့မရောက်လာသေး။ မြန်မာ ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။- |
ထို့နောက် ယေရှုသည် လူထုပရိသတ်တို့ကို ပြန်လွှတ်တော်မူစဉ် တပည့်တော်တို့ကိုလည်း လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်၌ ရှိသော ဗက်ဇဲဒမြို့သို့ သွားနှင့်စေတော်မူ၏။
ထို့နောက် ကိုယ်တော်သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ ကြွ၍ ရက်အနည်းငယ် နေတော်မူ၏။
ထို့နောက် ယေရှုသည် ရေကို စပျစ်ဝိုင်အဖြစ် ပြောင်းလဲစေတော်မူခဲ့ရသော ဂါလိလဲပြည်ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ ကပေရနောင်မြို့၌ အမတ်တစ်ဦးရှိ၍ သူ၏ သားသည် အပြင်းဖျားလျက်ရှိ၏။
ယေရှုသည် ကပေရနောင်မြို့ ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို မိန့်တော်မူ၏။