ထိုအခါ လူထုပရိသတ်တို့သည် အံ့သြ၍ “ယေရှုသည် ခရစ်တော်ဟူသော ဒါဝိဒ်မင်း၏သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
ရှင်ယောဟန် 4:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ကျွန်မပြုခဲ့သမျှကို အကုန်အစင်ဖော်ပြနိုင်သောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်မည်လော” ဟု လူတို့အား ပြောလေ၏။ Common Language Bible ``ကျွန်မပြုခဲ့သမျှသောအမှုအရာများ အကြောင်းကိုပြောပြသူကိုလာ၍ကြည့်ကြ ပါ။ သူသည်ခရစ်တော်ပင်ဖြစ်လိမ့်မည်လော'' ဟုလူတို့အားဆို၏။- Garrad Bible ကျွန်မပြုခဲ့ဘူးသမျှဖော်ပြသူတစ်ပါးကို လာ၍ကြည့်ကြပါ။ ထိုသူသည်ခရစ်တော်မဟုတ်လောဟု မြို့သားတို့အားဆိုသော်၊ Judson Bible အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- မြန်မာ့စံမီသမ္မာကျမ်း “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့် မြန်မာ အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- |
ထိုအခါ လူထုပရိသတ်တို့သည် အံ့သြ၍ “ယေရှုသည် ခရစ်တော်ဟူသော ဒါဝိဒ်မင်း၏သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
ထိုအခါ အမျိုးသမီးက “ခရစ်တော်ဟု ခေါ်သော မေရှိယကြွလာမည်ကို ကျွန်မသိပါ၏။ ထိုအရှင် ကြွလာသောအခါ ကျွန်မတို့အား အရာခပ်သိမ်းကို ရှင်းလင်းဖော်ပြတော်မူမည်” ဟု လျှောက်၏။
ရှမာရိအမျိုးသမီးက “သူသည် ကျွန်မပြုခဲ့သမျှကို အကုန်အစင်ဖော်ပြနိုင်သောသူဖြစ်၏” ဟု ဆိုသဖြင့် ထိုမြို့၌ နေသော ရှမာရိလူမျိုးများစွာသည် ယေရှုကို ယုံကြည်လာကြ၏။
သူသည် လူသိရှင်ကြား ဟောပြောနေသော်လည်း သူတို့သည် မတားမြစ်ကြပါ။ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို ငါတို့၏ခေါင်းဆောင်များက အမှန်ပင် သိကြပြီလော။
သို့ရာတွင် လူထုအထဲမှ အများအပြားတို့သည် ယေရှုကို ယုံကြည်ကြသဖြင့် “ခရစ်တော်ကြွလာသောအခါ ဤသူ ပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာများကို ပြုတော်မူမည်လော” ဟု ပြောဆိုကြ၏။
ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။