ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။
ရှင်ယောဟန် 16:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ သင်တို့သည် ငါ့နာမကို အမှီပြု၍ တောင်းကြလိမ့်မည်။ သို့ရာတွင် ငါသည် ခမည်းတော်ထံ သင်တို့ကိုယ်စား တောင်းပေးမည်ဟု မဆို။ Common Language Bible ထိုကာလ၌သင်တို့သည် ငါ၏နာမကိုအမှီ ပြု၍ဆုတောင်းပတ္ထနာပြုကြလိမ့်မည်။ သို့ သော်ငါသည်သင်တို့အတွက် ခမည်းတော်ထံ တွင်တောင်းလျှောက်ပေးမည်ဟုငါမဆို။- Garrad Bible ထိုကာလ ငါ့နာမ၌သင်တို့တောင်းလျှောက်ကြမည်ဖြစ်၍ ခမည်းတော့်ထံသင်တို့အတွက် ငါတောင်းလျှောက်မည်ဟုဆိုသည်မဟုတ်။ Judson Bible ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဖို့အလိုငှာ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင် သင်တို့သည် ငါ့နာမ၌ တောင်းလျှောက်ကြလိမ့်မည်။ သင်တို့အတွက် ခမည်းတော်ထံ ငါတောင်းပေးမည်ဟု ငါမဆိုပေ။ မြန်မာ ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဖို့အလိုငှာ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။- |
ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။
ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။
ယေရှုသည် တပည့်တော်တို့ မေးခွန်းမေးလျှောက်လိုကြောင်းကို သိတော်မူသောအခါ “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟု သင်တို့ကို ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆို နေကြသလော။
ထိုအချိန်၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့ကို မေးမြန်းကြလိမ့်မည်မဟုတ်။ ငါအမှန်ဆိုရလျှင် သင်တို့သည် ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ တောင်းသမျှကို ခမည်းတော်သည် ပေးတော်မူလိမ့်မည်။
ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော့်ကို မေးလျှောက်ရန် မလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါ၏။ ထို့ကြောင့် သခင်သည် ဘုရားသခင်ထံမှ ကြွလာကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းလာစေရန် အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို သန့်ရှင်းသောယဇ်အဖြစ် ဆက်ကပ်ပါ၏။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
အကျွန်ုပ်သည် သူတို့အတွက် ဆုတောင်းပါ၏။ လောကီသားတို့အတွက် ဆုတောင်းသည် မဟုတ်ပါ။ အကျွန်ုပ်ကို ပေးအပ်တော်မူသောသူတို့အတွက် ဆုတောင်းပါ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အဖပိုင်တော်မူသောသူများဖြစ်၏။
သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။