ခရစ်တော်သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 14:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသွားရာအရပ်သို့ ရောက်သော လမ်းခရီးကို သင်တို့သိကြ၏” ဟု မိန့်တော်မူ၏။ Common Language Bible ငါသွားရာအရပ်သို့ရောက်စေမည့်ခရီး လမ်းကိုသင်တို့သိကြ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ငါသွားရာသို့ရောက်သောလမ်းကို သင်တို့သိကြသည်ဟု မိန့်တော်မူလျှင်၊ Judson Bible ငါသည် အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း၊ သင်တို့သိကြ၏ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသွားရာအရပ်သို့ရောက်သောလမ်းကို သင်တို့သိကြ၏”ဟု မိန့်တော်မူ၏။ မြန်မာ ငါသည် အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း၊ သင်တို့သိကြ၏ဟု မိန့်တော်မူ၏။- |
ခရစ်တော်သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ငါသည် တံခါးဝဖြစ်၏။ ဤတံခါးဝမှ ဝင်သောသူသည် ဘေးကင်း၍ ဝင်ထွက်သွားလာလျက် ကျက်စားရာအရပ်ကို တွေ့လိမ့်မည်။
ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
ငါ့ခမည်းတော်၏ အိမ်တော်တွင် နေစရာအခန်းများစွာ ရှိ၏။ ထိုသို့ မရှိလျှင် ငါသည် သင်တို့နေရမည့်နေရာကို သွား၍ ပြင်ဆင်မည်ဟု ပြောမည်လော။
‘ယခု ငါသွားမည်။ သို့သော် သင်တို့ထံသို့ ပြန်လာဦးမည်’ ဟူ၍ ငါပြောခဲ့သောစကားကို သင်တို့ကြားခဲ့ပြီ။ သင်တို့သည် ငါ့ကို အမှန်တကယ်ချစ်လျှင် ငါ့ထက် ပို၍ ကြီးမြတ်သောခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
ငါသည် သွား၍ သင်တို့အတွက် နေစရာပြင်ဆင်ပြီးလျှင် ပြန်လာကာ ငါရှိရာအရပ်၌ သင်တို့လည်း ရှိနိုင်ရန်အတွက် သင်တို့ကို ခေါ်ဆောင်မည်။
သောမက “သခင်… အကျွန်ုပ်တို့မသိပါ။ သခင်သည် အဘယ်အရပ်သို့ သွားမည်ကို အကျွန်ုပ်တို့မသိသောကြောင့် လမ်းခရီးကိုလည်း မည်သို့သိနိုင်ပါမည်နည်း” ဟု လျှောက်၏။
ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
သို့ဖြစ်၍ သားတော်ကို မြင်၍ ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကို ရစေရန် ငါ့ခမည်းတော်အလိုရှိ၏။ ငါသည်လည်း ထိုသူတို့ကို နောက်ဆုံးသောနေ့၌ သေရာမှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။