ထိုအတိုင်း ဖြစ်လာသောအခါ ငါသည် ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်လာစေရန် ထိုအရာမဖြစ်ပျက်မီ ယခုအချိန်ကပင် သင်တို့ကို ကြိုတင်၍ ငါပြောနှင့်ပြီ။
ရှင်ယောဟန် 14:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သင်တို့နှင့်အတူ ရှိနေစဉ်အခါ ဤအရာများကို ပြောခဲ့ပြီ။ Common Language Bible ``သင်တို့နှင့်အတူရှိစဉ်အခါဤအရာ များကိုငါဖော်ပြပြီ။- Garrad Bible ငါသည် သင်တို့နှင့်ရှိနေစဉ် ထိုသို့ဟောခဲ့ပြီ။ Judson Bible ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့နှင့်အတူရှိနေစဉ် ဤအရာများကို ငါဟောပြောခဲ့ပြီ။ မြန်မာ ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။- |
ထိုအတိုင်း ဖြစ်လာသောအခါ ငါသည် ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်လာစေရန် ထိုအရာမဖြစ်ပျက်မီ ယခုအချိန်ကပင် သင်တို့ကို ကြိုတင်၍ ငါပြောနှင့်ပြီ။
ငါ့ကို မချစ်သောသူသည် ငါ့စကားကို နာခံလိမ့်မည်မဟုတ်။ သင်တို့ကြားသောစကားတို့သည် ငါ့စကား မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏ စကားဖြစ်၏။
သို့ရာတွင် ခမည်းတော်သည် ငါ့ကိုယ်စား ကူညီမစတော်မူသောအရှင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ ထိုအရှင်သည် သင်တို့အား အရာအားလုံး သွန်သင်၍ ငါပြောခဲ့သမျှကို ပြန်လည်သတိရစေတော်မူလိမ့်မည်။
ထိုအခြင်းအရာများ ဖြစ်ပျက်လာသောအခါ သင်တို့ယုံကြည်ကြစေရန် မဖြစ်ပျက်မီကပင် ကြိုတင်၍ သင်တို့ကို ယခုငါပြောထားနှင့်ပြီ။
ငါ၏ဝမ်းမြောက်ခြင်းကို သင်တို့ခံစားရ၍ အပြည့်အဝဝမ်းမြောက်နိုင်စေရန် ဤစကားကို ငါပြော၏။
ငါသည် သင်တို့ကို ပြောစရာများစွာရှိသော်လည်း ယခုအချိန်တွင် သင်တို့မခံယူနိုင်ကြ။