အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 13:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​တပည့်တော်​သည် ယေရှု​ပေါ်​သို့ မှီ​၍ “သခင်… ထို​သူ​သည် မည်သူနည်း” ဟု မေးလျှောက်၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​တ​ပည့်​တော်​သည် သ​ခင်​ယေ​ရှု​၏​အ​နီး သို့​ကပ်​ပြီး​လျှင် ``သ​ခင်၊ ထို​သူ​သည်​မည်​သူ ဖြစ်​ပါ​သ​နည်း'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထိုတပည့်တော်သည်နေရင်းမှ ရင်တော်ကိုမော့ကပ်ပြီးလျှင် အရှင်ဘုရား၊ မည်သူပါနည်းဟုလျှောက်ရာ

အခန်းကိုကြည့်ပါ။

Judson Bible

ထို​တ​ပည့်​တော်​သည် ယေ​ရှု၏​ရင်​တော်​ကို​မှီ၍ လျောင်း​နေ​လျက် သ​ခင်၊ အ​ဘယ်​သူ​နည်း​ဟု လျှောက်၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ဖြစ်၍ ထို​တပည့်​တော်​သည် သူ့​နေရာ​မှ ယေရှု​၏​ရင်ခွင်​တော်​သို့ ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ထို​သူ​သည် မည်သူ​နည်း”​ဟု မေးလျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​တ​ပည့်​တော်​သည် ယေ​ရှု၏​ရင်​တော်​ကို​မှီ၍ လျောင်း​နေ​လျက် သ​ခင်၊ အ​ဘယ်​သူ​နည်း​ဟု လျှောက်၏။-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 13:25
4 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ရှိမုန်​ပေတရု​က ထို​တပည့်တော်​ကို မျက်ရိပ်ပြ​၍ “သခင်​သည် မည်သူ​ကို ရည်ညွှန်းတော်မူသနည်း” ဟု မေးလျှောက်​စေ၏။


ပေတရု​သည် လှည့်​၍ ကြည့်​သောအခါ ယေရှု​ချစ်တော်မူသော​တပည့်တော်​သည် နောက်​မှ လိုက်လာသည်​ကို မြင်၏။ ထို​တပည့်တော်​မှာ ညစာ​စားသောက်ခဲ့ကြ​စဉ်​က ယေရှု​ပေါ်သို့ မှီ​၍ “သခင်… သခင့်​ကို သစ္စာဖောက်မည့်​သူ​သည် မည်သူနည်း” ဟု မေးခဲ့သော​သူ​ဖြစ်၏။