အမှောင်တွင် နေထိုင်ကြသောလူတို့သည် အလင်းရောင်ကြီးကို မြင်ရပြီ။ သေမင်းအရိပ်ရှိရာ အရပ်၌ နေကြသောသူတို့အပေါ်တွင် အလင်းသည် ထွန်းလင်းပြီ” ဟူ၍ ဖြစ်၏။
ရှင်ယောဟန် 12:46 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို ယုံကြည်သောသူတိုင်း အမှောင်၌ မနေစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ ကြွလာပြီ။ Common Language Bible ငါ့ကိုယုံကြည်သူမှန်သမျှသည်အမှောင် တွင်မနေရစေခြင်းငှာ ငါသည်အလင်း အဖြစ်လောကသို့ကြွလာပြီ။- Garrad Bible ငါ့ကိုယုံကြည်သူသည် မှောင်မိုက်၌မတည်မနေစေရန် အလင်းအဖြစ်ဤလောကသို့ ငါရောက်လာပြီ။ Judson Bible ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ ကြွလာပြီ။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။ မြန်မာ ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ ကြွလာပြီ။- |
အမှောင်တွင် နေထိုင်ကြသောလူတို့သည် အလင်းရောင်ကြီးကို မြင်ရပြီ။ သေမင်းအရိပ်ရှိရာ အရပ်၌ နေကြသောသူတို့အပေါ်တွင် အလင်းသည် ထွန်းလင်းပြီ” ဟူ၍ ဖြစ်၏။
ထိုကယ်တင်ရှင်သည် လူမျိုးခြားတို့အား ကိုယ်တော့်အကြောင်းကို ဖော်ပြပေးမည့်အလင်းနှင့် ကိုယ်တော်၏လူမျိုးတော်ဖြစ်သော အစ္စရေးလူမျိုးတို့၏ ဘုန်းအသရေအတွက် အလင်းဖြစ်တော်မူ၏” ဟု ဆိုလေ၏။
စစ်မှန်သောအလင်းရှင်မှာမူ ဤကမ္ဘာလောကသို့ ကြွလာ၍ လူအပေါင်းတို့ကို အလင်းပေးတော်မူသောအရှင်ဖြစ်၏။
အပြစ်စီရင်ခြင်းခံရသည့် အကြောင်းရင်းမှာ ဘုရားသခင်၏အလင်းတော်သည် ဤကမ္ဘာလောကသို့ ကြွလာသော်လည်း လူတို့သည် အကျင့်ဆိုးတို့ကို ကျင့်သောကြောင့် ထိုအလင်းတော်ထက် အမှောင်ထုကို ပို၍ နှစ်သက်ကြ၏။
တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက “မျက်မမြင်များ မျက်စိမြင်စေရန်နှင့် မျက်စိမြင်သောသူများကို မျက်စိကန်းစေရန်ဟူသည့် တရားစီရင်ခြင်းအတွက် ဤလောကသို့ ငါကြွလာ၏” ဟု မိန့်တော်မူ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် အလင်း၌ ဖော်ပြခံရသော အရာအားလုံးသည် အလင်း ဖြစ်လာသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာမှ ထလော့။ ခရစ်တော်သည် သင့်အပေါ် ထွန်းလင်းတော်မူလိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။