သံလွင်တောင်အဆင်းနေရာသို့ ရောက်တော်မူသောအခါ နောက်လိုက်လူထုကြီးတစ်ရပ်လုံးက မိမိတို့မြင်တွေ့ခဲ့ရသည့် အံ့ဖွယ်တန်ခိုးတော်များကိုထောက်ရှု၍ ကျယ်လောင်သောအသံဖြင့် ဝမ်းသာရွှင်လန်းစွာ ဘုရားသခင်ကို ချီးမွမ်းကြ၏။ ထိုသူတို့က
ရှင်ယောဟန် 12:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနိမိတ်လက္ခဏာအကြောင်းကို ကြားသောကြောင့် လူများစွာတို့သည် ကိုယ်တော်ကို ကြိုဆိုရန် ထွက်သွားကြ၏။ Garrad Bible လူအမြောက်အမြားတို့လည်း ထိုနိမိတ်လက္ခဏာကို ပြတော်မူကြောင်းကြားသဖြင့် ခရီးဦးကြိုဆိုကြ၏။ Judson Bible ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည် သတင်းကြားသောကြောင့်၊ ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်တို့သည် ကိုယ်တော်ကိုဆီးကြိုကြခြင်းမှာ ဤသို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူကြောင်း ကြားသိခဲ့ကြသောကြောင့်လည်းဖြစ်၏။ မြန်မာ ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည် သတင်းကြားသောကြောင့်၊ ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွားကြ၏။- |
သံလွင်တောင်အဆင်းနေရာသို့ ရောက်တော်မူသောအခါ နောက်လိုက်လူထုကြီးတစ်ရပ်လုံးက မိမိတို့မြင်တွေ့ခဲ့ရသည့် အံ့ဖွယ်တန်ခိုးတော်များကိုထောက်ရှု၍ ကျယ်လောင်သောအသံဖြင့် ဝမ်းသာရွှင်လန်းစွာ ဘုရားသခင်ကို ချီးမွမ်းကြ၏။ ထိုသူတို့က
အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးများစွာတို့သည် လာဇရုကြောင့် သူတို့ကို စွန့်ခွာ၍ ယေရှုကို ယုံကြည်ကြသောကြောင့် ဖြစ်၏။
နောက်တစ်နေ့တွင် ပသခါပွဲတော်သို့ ရောက်လာသောလူအုပ်ကြီးသည် ဂျေရုဆလင်မြို့သို့ ယေရှုကြွလာမည်ဟူသော သတင်းကို ကြားသဖြင့်
ထိုအခါ ဖာရိရှဲတို့က “ငါတို့ မည်သို့မျှမတတ်နိုင်တော့ပါ။ တစ်လောကလုံးသည် သူ့နောက်သို့ လိုက်သွားကြပြီ” ဟု အချင်းချင်းပြောဆိုကြ၏။
ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။
လူအုပ်ကြီးသည် ဖျားနာသောသူများအပေါ် ယေရှုပြုတော်မူသော နိမိတ်လက္ခဏာများကို တွေ့မြင်ခဲ့ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။