ထိုအခါ ယေရှုသည် မျက်ရည်ကျတော်မူ၏။
သခင်ယေရှုသည်မျက်ရည်ကျတော်မူ၏။
ထိုအခါ ယေရှုမျက်ရည်ကျတော်မူသဖြင့်၊
ယေရှုသည် မျက်ရည်ကျတော်မူ၏။-
ယေရှုသည် မျက်ရည်ကျတော်မူ၏။
လူထုပရိသတ်သည် ယေရှုမိန့်တော်မူသမျှကို နားထောင်နေကြ၏။ ထိုစဉ် ဂျေရုဆလင်မြို့အနီးသို့ ရောက်တော်မူသဖြင့် ကိုယ်တော်သည် ပုံဥပမာတစ်ခုကို မိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်၏နိုင်ငံတော်ချက်ချင်းပေါ်ထွန်းလာတော့မည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။
ဂျေရုဆလင်မြို့နှင့် နီးလာသောအခါ ယေရှုသည် မြို့တော်ကိုမြင်၍ ငိုကြွေးတော်မူလျက်
ယေရှုသည် မာရိငိုကြွေးသည်ကိုလည်းကောင်း၊ မာရိနှင့်အတူလိုက်လာသော ဂျူးလူမျိုးတို့လည်း ငိုကြွေးကြသည်ကိုလည်းကောင်း မြင်တော်မူသောအခါ အလွန်ဝမ်းနည်း၍ စိတ်မချမ်းမသာဖြစ်တော်မူ၏။
ယေရှုက “လာဇရုအလောင်းကို အဘယ်မှာ သင်္ဂြိုဟ်ကြသနည်း” ဟု မေးတော်မူ၏။ သူတို့က “သခင် ကြွလာ၍ ကြည့်တော်မူပါ” ဟု လျှောက်ကြ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။