ဂျူးလူမျိုးတို့သည် ယေရှုထံတော်သို့ စုဝေးလာ၍ “သင်သည် မည်မျှကြာသည်အထိ ငါတို့ကို ဝေခွဲဆုံးဖြတ်ရခက်စေမည်နည်း။ အကယ်၍ သင်သည် ခရစ်တော်မှန်လျှင် ငါတို့ကို အတိအလင်းပြောပါ” ဟု ဆိုကြ၏။
ရှင်ယောဟန် 10:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးတို့က “ကောင်းသောအမှုကို သင်ပြုသောကြောင့် သင့်ကို ခဲနှင့် ပေါက်သတ်မည်မဟုတ်။ သင်သည် သာမန်လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားသခင်အဖြစ် ကြွေးကြော်၍ ဘုရားသခင်ကို စော်ကားသောကြောင့် ခဲနှင့်ပေါက်သတ်မည်” ဟု ဆိုကြ၏။ Common Language Bible သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။ Garrad Bible ယုဒလူမျိုးတို့က ကောင်းသောအမှုကြောင့်မဟုတ်။ သင်သည်လူဖြစ်လျက် ကိုယ်ကိုဘုရားလုပ်၍ ပုတ်ခတ်မှုပြုသောကြောင့်ပစ်ခတ်သည်ဟု ဖြေဆိုကြ၏။ Judson Bible ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့က “ကောင်းသောအမှုကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကိုစော်ကားသောကြောင့်ဖြစ်၏”ဟု ပြန်ပြောကြ၏။ မြန်မာ ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။- |
ဂျူးလူမျိုးတို့သည် ယေရှုထံတော်သို့ စုဝေးလာ၍ “သင်သည် မည်မျှကြာသည်အထိ ငါတို့ကို ဝေခွဲဆုံးဖြတ်ရခက်စေမည်နည်း။ အကယ်၍ သင်သည် ခရစ်တော်မှန်လျှင် ငါတို့ကို အတိအလင်းပြောပါ” ဟု ဆိုကြ၏။
ယေရှုက “ခမည်းတော်၏ ညွှန်ကြားချက်နှင့်အညီ ကောင်းသောအမှုများကို ငါပြခဲ့၏။ ထိုအမှုများထဲမှ မည်သည့်အမှုကြောင့် ငါ့ကို ခဲနှင့် ပေါက်သတ်ကြမည်နည်း” ဟု မေးတော်မူ၏။
ဂျူးခေါင်းဆောင်များက “သူသည် မိမိကိုယ်ကိုယ် ဘုရားသားတော်ဖြစ်သည်ဟု ပြောဆိုသောကြောင့် အကျွန်ုပ်တို့၏ တရားဥပဒေအရ သေဒဏ်ခံထိုက်ပါ၏” ဟု ပြန်လျှောက်ကြ၏။
ထိုအခါ ဂျူးခေါင်းဆောင်တို့က ယေရှုကို သတ်ရန် ပို၍အားထုတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်စည်းကမ်းကို ချိုးဖောက်သည်သာမက ဘုရားသခင်ကိုလည်း ခမည်းတော်ဟု ခေါ်၍ မိမိကိုယ်မိမိ ဘုရားနှင့် တန်းတူထားတော်မူသောကြောင့်ဖြစ်၏။
လူတိုင်း အစိုးရ၏ အမိန့်အာဏာကို နာခံကြရမည်။ အဘယ်ကြောင့်ဆိုသော် အာဏာဟူသမျှသည် ဘုရားသခင်ထံမှ လာသောကြောင့်ဖြစ်၏။ အုပ်စိုးလျက်ရှိသော အာဏာများသည် ဘုရားသခင် ခန့်ထားတော်မူသည့်အာဏာများ ဖြစ်၏။
ယေရှုခရစ်တော်သည် မိမိ၌ ဘုရားသခင်၏ အသွင်သဏ္ဌာန်တော်ရှိသော်လည်း ထိုသို့ဘုရားသခင်နှင့် တန်းတူဖြစ်ခြင်းကို ကိုယ်ကျိုးအတွက် အသုံးပြုရမည်ဟု မှတ်ယူတော်မမူဘဲ