ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။
ရှင်ယောဟန် 10:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစကားတော်တို့ကြောင့် ယေရှုအကြောင်းနှင့်ပတ်သက်၍ ဂျူးလူမျိုးတို့အထဲတွင် သဘောထားကွဲလွဲကြပြန်၏။ Common Language Bible ဤသို့မိန့်တော်မူသောကြောင့်လူတို့သည် စိတ် သဘောကွဲလွဲသွားကြပြန်၏။- Garrad Bible ဤစကားများကြောင့် ယုဒလူမျိုးတို့ကွဲပြားကြပြန်လျက်၊ Judson Bible ထိုစကားတော်ကြောင့် ယုဒလူတို့သည် တစ်ဖန် ကွဲပြားခြင်းရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤစကားတော်များကြောင့် ဂျူးလူမျိုးတို့ထဲတွင် ကွဲပြားခြင်းရှိကြပြန်၏။ မြန်မာ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တစ်ဖန် ကွဲပြားခြင်းရှိကြ၏။- |
ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။
ထို့ကြောင့် ဖာရိရှဲတချို့က “သူသည် ဥပုသ်နေ့တွင် အလုပ်လုပ်သောကြောင့် ဘုရားသခင်ထံတော်မှ လာသောသူ မဖြစ်နိုင်” ဟု ဆိုကြ၏။ သို့သော် တချို့က “သာမန်လူ အပြစ်သားတစ်ဦးသည် ထိုကဲ့သို့သော နိမိတ်လက္ခဏာကို မည်သို့ ပြုနိုင်မည်နည်း” ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အချင်းချင်း သဘောထားကွဲလွဲကြ၏။
သို့သော် မြို့သူမြို့သားတို့သည် အုပ်စုကွဲကာ တချို့မှာ ဂျူးတို့ဘက်ပါ၍ တချို့မှာ တမန်တော်တို့ဘက်ပါကြ၏။
ပထမအချက်အနေဖြင့် သင်တို့သည် အသင်းတော်အစည်းအဝေးများ၌ စုဝေးကြသောအခါ သဘောထားကွဲလွဲမှုများ ရှိကြောင်း ကျွန်ုပ်ကြားသိရ၏။ ကြားရသည့်အရာကို အထိုက်အလျောက် ကျွန်ုပ်ယုံကြည်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူ့ဗီဇစိတ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြသေးသောကြောင့်ဖြစ်၏။ သင်တို့သည် အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် ရှိနေကြသည်မှာ သင်တို့၏ လူ့ဗီဇစိတ်က သင်တို့ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်းပင် မဟုတ်လော။ သင်တို့သည် လောကီသားကဲ့သို့ပင် ပြုမူနေထိုင်ကြသည်မဟုတ်လော။