ရှင်မာကု 9:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုင်လျက် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ “အကြီးမြတ်ဆုံးဖြစ်လိုသောသူသည် အသေးနုပ်ဆုံးဖြစ်၍ လူအပေါင်းတို့၏ အစေခံဖြစ်ရမည်” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ထိုင်တော်မူပြီးလျှင်တစ်ကျိပ်နှစ် ပါးတို့ကိုခေါ်တော်မူ၍ ``အမြင့်ဆုံးသို့ရောက် လိုသူသည်အနိမ့်ဆုံးမှာနေရမည်။ လူခပ်သိမ်း တို့၏အစေခံလည်းဖြစ်ရမည်'' ဟုမိန့်တော်မူ၏။- Garrad Bible ထို အ ခါ ကိုယ် တော် သည် ထိုင်၍ တစ် ဆယ့် နှစ် ပါး တို့ ကို ခေါ် တော် မူ ပြီး လျှင် မည် သူ မ ဆို အ ဦး ဆုံး ကျ လို လျှင် အား လုံး တွင် နောက် ဆုံး ကျ ၍ အ လုံး စုံ တို့ အ စေ ကို ခံ စေ ဟု မိန့် တော် မူ ၏။ Judson Bible ထိုအခါ ကိုယ်တော်သည် ထိုင်လျက် တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်း ဖြစ်ရမည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်ပြီးလျှင်“မည်သူမဆို ပထမဦးဆုံးဖြစ်လိုလျှင် အားလုံးတွင် နောက်ဆုံးဖြစ်ပြီး အားလုံး၏အစေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။ မြန်မာ ထိုအခါ ကိုယ်တော်သည် ထိုင်လျက် တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်း ဖြစ်ရမည်ဟု မိန့်တော်မူ၏။- |
ထို့နောက် ယေရှုသည် ကလေးငယ်တစ်ဦးကို ခေါ်၍ သူတို့ အလယ်တွင်ထားတော်မူ၏။ ထိုကလေးငယ်ကို လက်တော်ဖြင့်ပွေ့ချီလျက်
သင်တို့အား ငါပြောဆိုသည်မှာ ထိုအခွန်ကောက်သူသည် အပြစ်ပြေလျက် အိမ်သို့ပြန်လေ၏။ ဖာရိရှဲမှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရ၍ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရသောကြောင့်ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။
သို့သော် သင်တို့ကမူ ထိုကဲ့သို့မဖြစ်စေနှင့်။ သင်တို့အထဲတွင် အမြင့်မြတ်ဆုံးဖြစ်သောသူသည် အသေးနုပ်ဆုံးကဲ့သို့လည်းကောင်း၊ ခေါင်းဆောင်ဖြစ်သောသူသည် အစေခံကဲ့သို့လည်းကောင်း နေရမည်။
သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့အား များပြားသောကျေးဇူးတော်ကို ပေးတော်မူ၏။ ထို့ကြောင့် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကိုမူ ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား၏။