ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
ရှင်မာကု 9:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက တပည့်တော်တို့အား “အို ယုံကြည်ခြင်းမရှိသောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်းကင်းမဲ့လှ ပါသည်တကား။ ငါသည်သင်တို့နှင့်မည်မျှကြာ အောင်နေရမည်နည်း။ မည်မျှကြာအောင်သင်တို့အား သည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ခေါ်ခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။- Garrad Bible ကိုယ် တော် က ယုံ ကြည် ခြင်း ကင်း သော အို လူ မျိုး၊ ငါ သည် သင် တို့ နှင့် မည် မျှ ကြာ ရှိ နေ ရ မည် နည်း။ သင် တို့ ကို မည် မျှ ကြာ သည်း ခံ ရ မည် နည်း။ သူ ငယ် ကို ငါ့ ထံ ယူ ခဲ့ ကြ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူသည်အတိုင်း၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“အို ယုံကြည်ခြင်းမရှိသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူ့ကိုငါ့ထံသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။ မြန်မာ ကိုယ်တော်က၊ ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူသည်အတိုင်း၊- |
ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် အစာသုံးဆောင်နေကြစဉ် ယေရှုသည် သူတို့အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် မိမိအား ကိုယ်တိုင်တွေ့မြင်ကြသော သူတို့၏စကားကို မယုံဘဲ ခေါင်းမာလျက် ငြင်းပယ်ကြသော ထိုတပည့်တော်ဆယ့်တစ်ပါးတို့ကို ယေရှုသည် ပြစ်တင်ဆုံးမတော်မူ၏။
ပူးဝင်သည့်အခါတိုင်း နတ်သည် သူ့အား မြေပေါ်သို့ အရှိန်ဖြင့်လှဲချတတ်ပါ၏။ ပါးစပ်မှ အမြှုပ်များထွက်လျက် အံကိုလည်းကြိတ်၍ တောင့်မာလာတတ်ပါ၏။ အကျွန်ုပ်သည် ဆရာတော်၏ တပည့်တော်တို့အား ထိုနတ်ဆိုးကို နှင်ထုတ်ပေးပါရန် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ” ဟု လျှောက်လေ၏။
ထိုအခါ သူတို့သည် သူငယ်ကို ခေါ်ဆောင်လာကြ၏။ နတ်ဆိုးသည် ယေရှုကို မြင်သည်နှင့်တစ်ပြိုင်နက် သူငယ်ကို ပြင်းထန်စွာ တက်စေသဖြင့် သူသည် မြေပေါ်တွင် လှဲလျက် ပါးစပ်မှလည်းအမြှုပ်များထွက်ကာ လူးလိမ့်နေလေ၏။
ထိုအခါ ယေရှုက “အို မိုက်မဲ၍ ပရောဖက်များဟောပြောခဲ့သမျှကို ယုံကြည်ရန် နှေးကွေးသောစိတ်နှလုံးရှိသည့်သူတို့…
ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
ယခုငါသည် အလွန်စိတ်ပူပန်လျက်ရှိ၏။ ငါ့ခမည်းတော်ထံ ‘အို အဖ… အကျွန်ုပ်ကို ဤဒုက္ခရောက်ချိန်နှင့် ကင်းလွှတ်စေတော်မူပါ’ ဟု ဆုတောင်းရမည်လော။ သို့ရာတွင် ငါသည် ဤအချိန်နာရီအတွက် ရောက်လာခြင်းဖြစ်၏။
ထို့နောက် ယေရှုသည် သောမအား “သင့်လက်ညှိုးဖြင့် ဤနေရာကို စမ်း၍ ငါ့လက်တို့ကို ကြည့်လော့။ သင့်လက်ဖြင့် ငါ့နံဘေးရှိ ဒဏ်ရာကိုလည်း စမ်းကြည့်လော့။ သံသယမဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။