Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 9:19 - မြန်မာ

19 ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​လှ ပါ​သည်​တ​ကား။ ငါ​သည်​သင်​တို့​နှင့်​မည်​မျှ​ကြာ အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင်​သင်​တို့​အား သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ကိုယ် တော် က ယုံ ကြည် ခြင်း ကင်း သော အို လူ မျိုး၊ ငါ သည် သင် တို့ နှင့် မည် မျှ ကြာ ရှိ နေ ရ မည် နည်း။ သင် တို့ ကို မည် မျှ ကြာ သည်း ခံ ရ မည် နည်း။ သူ ငယ် ကို ငါ့ ထံ ယူ ခဲ့ ကြ ဟု မိန့် တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ကိုယ်​တော်​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ကိုယ်တော်​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူ့​ကို​ငါ့​ထံသို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ယေရှု​က တပည့်တော်တို့​အား “အို ယုံကြည်ခြင်း​မရှိသော​အမျိုး… ငါ​သည် သင်တို့​နှင့် မည်မျှ​ကြာကြာ အတူ​နေရမည်နည်း။ ငါ​သည် သင်တို့​ကို မည်မျှ​ကြာကြာ သည်းခံရမည်နည်း။ သူငယ်​ကို ငါ့​ထံသို့​ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 9:19
17 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။-


ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊-


နတ်​သည် ဖမ်း​စား​လေ​ရာ​ရာ၌ သူ့​ကို​မြေ​ပေါ်​မှာ လှဲ၍၊ သူ​သည်​လည်း ခံ​တွင်း​မှ အ​မြှုပ်​ထွက်​လျက်၊ အံ​သွား​ခဲ​ကြိတ်​လျက်၊ ပိန်​ခြောက်​လျက် နေ​ရ​ပါ၏။ ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​လျှောက်၍ သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု လျှောက်​သော်၊-


ယူ​ခဲ့​ကြ၏။ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း သူ​ငယ်​ကို တောင့်​မာ​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​မှာ​လဲ၍ အ​မြှုပ်​ထွက်​လျက် ကိုယ်​ကို လှိမ့်​လျက်​နေ၏။-


ကိုယ်​တော်​က​လည်း၊ ပ​ရော​ဖက်​ဟော​ပြော​သော​စ​ကား​များ​ကို ယုံ​နိုင်​အောင် ဉာဏ်​မ​ရှိ၊ စိတ်​ခိုင်​မာ​သော​သူ​တို့၊-


ယေ​ရှု​က​လည်း၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သင်၏​သား​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ဟု မိန့်​တော်​မူ၏။-


ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။-


ထို​အ​ခါ သော​မ​အား၊ သင်၏​လက်​ညှိုး​ကို​ဆန့်၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်၏​လက်​ကို​ဆန့်၍ ငါ့​နံ​ဘေး​ကို စမ်း​သပ်​လော့။ ယုံ​မှား​ခြင်း​မ​ရှိ​နှင့်။ ယုံ​လော့​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ