ထိုအခါ ပေတရုသည် ယေရှုအား သီးခြားခေါ်၍ “သခင်… ထိုသို့မဖြစ်ပါစေနှင့်။ ဤအဖြစ်သည် သခင့်ထံ၌ လုံးဝမကျရောက်စေရ” ဟု ဆိုကာ အပြစ်တင်သောစကားကို လျှောက်လေ၏။
ရှင်မာကု 9:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် တပည့်တော်တို့သည် ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောကြပေ။ သို့သော် သေခြင်းမှ ထမြောက်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်းဟုသာ အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။ Common Language Bible သူတို့သည်ဤအမိန့်ကိုလိုက်နာကြသော်လည်း ``သေခြင်းမှထမြောက်သည်ဆိုသည်ကားအဘယ် နည်း'' ဟုအချင်းချင်းဆွေးနွေးလျက်နေကြ၏။- Garrad Bible တ ပည့် တော် တို့ သည် လိုက် နာ၍ သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ခြင်း ဆို လို သည် ကို အ ချင်း ချင်း ဆွေး နွေး လျက်၊ Judson Bible တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်လည်း ထိုစကားကို မှတ်သားထားလျက် သေသောသူတို့ထဲမှ ထမြောက်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်းဆွေးနွေးမေးမြန်းကြ၏။ မြန်မာ တပည့်တော်တို့သည် ထိုစကားကို မှတ်မိ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။- |
ထိုအခါ ပေတရုသည် ယေရှုအား သီးခြားခေါ်၍ “သခင်… ထိုသို့မဖြစ်ပါစေနှင့်။ ဤအဖြစ်သည် သခင့်ထံ၌ လုံးဝမကျရောက်စေရ” ဟု ဆိုကာ အပြစ်တင်သောစကားကို လျှောက်လေ၏။
ထို့နောက် တပည့်တော်တို့က ယေရှုအား “ဧလိယသည် ခရစ်တော်ထက် စော၍ ကြွလာမည်ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု မေးလျှောက်ကြ၏။
တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူသောစကားကို နားမလည်သော်လည်း ထိုအဓိပ္ပာယ်ကို မမေးလျှောက်ဝံ့ကြ။
တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ ယခု သင်တို့မြင်တွေ့ခဲ့ရသော အရာကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု မှာကြားတော်မူ၏။
ဤအရာသည် ပရောဖက်ဟောပြောချက်အတိုင်း ဖြစ်လာသည်ကို တပည့်တော်တို့သည် ထိုအခါက နားမလည်ကြ။ သို့သော် ယေရှု ဘုန်းပွင့်တော်မူပြီးနောက်မှသာ ဤအကြောင်းအရာများသည် ကိုယ်တော်ကို ရည်ညွှန်း၍ ထိုသို့ရေးသားထားကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ကို ထိုသို့ပြုခဲ့ကြကြောင်းကိုလည်းကောင်း တပည့်တော်တို့သည် ပြန်လည်သတိရကြ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။