ယေရှုသည် ထိုမျက်မမြင်ကို လက်ဆွဲ၍ မြို့ပြင်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူ၏ မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ် လက်တော်တင်လျက် “တစ်စုံတစ်ရာကို မြင်သလော” ဟု မေးတော်မူ၏။
ရှင်မာကု 8:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် မော့ကြည့်၍ “လူများကို မြင်ပါ၏။ သို့သော် ရှင်းလင်းစွာ မမြင်ရပါ။ သူတို့သည် သစ်ပင်များ လမ်းလျှောက်နေသကဲ့သို့ ဖြစ်နေပါသည်” ဟု လျှောက်၏။ Common Language Bible သူသည်မော်ကြည့်ကာ ``အကျွန်ုပ်သည်လူများ ကိုမြင်ရပါသည်။ သို့ရာတွင်သူတို့သည်သစ်ပင် များလမ်းလျှောက်နေသကဲ့သို့ဖြစ်နေပါသည်'' ဟုလျှောက်၏။ Garrad Bible သူ သည် မျှော် ကြည့် လျက် လျှောက် နေ ကြ သော လူ တို့ ကို သစ် ပင် များ ကဲ့ သို့ ကြည့်၍ မြင် ရ ပါ သည် ဟု လျှောက် ၏။ Judson Bible ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည်ဟု လျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် မော့ကြည့်လျက် “လူတို့ကိုမြင်ရပါ၏။ သစ်ပင်များကဲ့သို့ဖြစ်ကြပြီး လမ်းလျှောက်နေကြသည်ကို မြင်ရပါ၏”ဟု လျှောက်လေ၏။ မြန်မာ ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည်ဟု လျှောက်၏။- |
ယေရှုသည် ထိုမျက်မမြင်ကို လက်ဆွဲ၍ မြို့ပြင်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူ၏ မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ် လက်တော်တင်လျက် “တစ်စုံတစ်ရာကို မြင်သလော” ဟု မေးတော်မူ၏။
တစ်ဖန် ယေရှုသည် ထိုသူ၏ မျက်စိပေါ်သို့ လက်တော်ကို တင်တော်မူ၏။ ထိုအခါ သူသည် အကောင်းပကတိအတိုင်းပြန်ဖြစ်၍ အရာအားလုံးကို ရှင်းလင်းစွာ မြင်လေ၏။