အမျိုးသမီးက “မှန်ပါသည် သခင်။ သို့သော်လည်း ခွေးများပင်လျှင် သူတို့သခင်၏စားပွဲမှ ကျသောစားကြွင်းစားကျန်ကို စားခွင့်ရပါသည်” ဟု လျှောက်လေ၏။
ရှင်မာကု 7:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမျိုးသမီးက “မှန်ပါသည် သခင်။ သို့သော်လည်း စားပွဲအောက်ရှိ ခွေးများပင်လျှင် သားသမီးတို့၏စားကြွင်းစားကျန်များကို စားခွင့်ရပါသည်” ဟု လျှောက်လေ၏။ Common Language Bible ထိုအမျိုးသမီးက ``မှန်ပါ၏အရှင်။ သို့ရာတွင် သားသမီးတို့၏စားကြွင်းစားကျန်များကို စားပွဲအောက်မှခွေးတို့စားရကြပါသည်'' ဟု ပြန်လည်လျှောက်ထား၏။ Garrad Bible မှန် ပါ သည် အ ရှင် ဘု ရား၊ စား ပွဲ အောက် ရှိ ခွေး များ ပင် သား သ မီး တို့ စား နုတ် စား ပေါက် ကို စား ရ ကြ ပါ သည် ဟု ထပ် မံ လျှောက် ထား ၏။ Judson Bible မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍ လျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးကမူ “သခင်ဘုရား၊ စားပွဲအောက်၌ရှိသောခွေးကလေးများပင်လျှင် သားသမီးတို့၏စားနုပ်စားပေါက်များကို စားရကြပါ၏”ဟု ပြန်လျှောက်လေ၏။ မြန်မာ မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍ လျှောက်လျှင်၊- |
အမျိုးသမီးက “မှန်ပါသည် သခင်။ သို့သော်လည်း ခွေးများပင်လျှင် သူတို့သခင်၏စားပွဲမှ ကျသောစားကြွင်းစားကျန်ကို စားခွင့်ရပါသည်” ဟု လျှောက်လေ၏။
ထိုသို့ ပြုလျှင် သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကောင်းသောသူနှင့် မကောင်းသောသူ အပေါ်တွင် နေကို ထွက်ပေါ်စေတော်မူသောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူ အပေါ်၌ မိုးကို ရွာစေတော်မူ၏။
ယေရှုက “သားသမီးများကို ဦးစွာ ဝအောင်ကျွေးရ၏။ သားသမီးတို့၏ မုန့်ကိုယူ၍ ခွေးများအား မချကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။
ထိုအခါ ယေရှုက “ဤသို့ သင့်လျော်စွာ ဆိုသောကြောင့် ယခု သင်အိမ်သို့ ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထံမှ ထွက်သွားပြီ” ဟု မိန့်တော်မူ၏။
ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍ ခွဲခြားခြင်းမရှိ။ သူတို့၌ သခင်တစ်ပါးတည်း ရှိ၍ ထိုသခင်ထံ ဆုတောင်းသောသူတို့အား ရက်ရောစွာ ပေးသနားတော်မူ၏။
ဤသို့ဆိုသော် ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ဘုရားသာ ဖြစ်သလော။ လူမျိုးခြားတို့၏ဘုရားလည်း မဟုတ်သလော။ ဟုတ်ပါ၏။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူ၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်